Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeMyanmar Theatrical Traditionအာဇာနည်နေ့ဂုဏ်ပြု အမှတ်တရအနေနဲ့ ဗိုလ်ချုပ်ရုပ်တုတွေ...

အာဇာနည်နေ့ဂုဏ်ပြု အမှတ်တရအနေနဲ့ ဗိုလ်ချုပ်ရုပ်တုတွေ လက်ဆောင်ပေးမယ့် ပန်းပုပညာရှင် ကိုအောင်ကျော်ထွန်း

ပန်းပုပညာရှင် ကိုအောင်ကျော်ထွန်းက ဇူလိုင်လ ၁၉ ရက်နေ့အာဇာ နည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်ရုပ်တု ၃ဝ ရုပ်ကို မဲနှိုက်ပေးသွားမှာ ဖြစ်ပါတယ်။ သူကဒီအစီအစဉ်ကို နှစ်စဉ်အာဇာနည်နေ့တိုင်းမှာ ပြုလုပ်လေ့ ရှိပါတယ်။ ဒါကလည်း သူ့အနေနဲ့ ဗိုလ်ချုပ်ရုပ်တုတွေကို ပြည်သူအားလုံးရဲ့ လက်ဝယ်မှာ ရှိနေစေချင်လို့လည်းဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သူက ဗိုလ်ချုပ် ရုပ်တုတွေကို မပေးခင်မှာ မေးခွန်း ၃ ခုကို ဖေ့စ်ဘွတ်စ်မှာ မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်း ၃ ခုကို ဖြေဆိုနိုင်တဲ့သူတွေကို ၃ လက်မအရွယ် ဗိုလ်ချုပ်ရုပ်တုတွေ ပေးအပ်သွားမှာပဲဖြစ်ပါတယ်။ ကိုအောင်ကျော်ထွန်းက မြန်မာပြည်အနှံ့မှာ ထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတော်တော်များကို ထုလုပ်ပေးလေ့ ရှိပါတယ်။ ဒီလိုရုပ်တုထုလုပ်ပေးတဲ့အခါမှာလည်း ဗိုလ်ချုပ်ရုပ်တု အပေါ်ထားရှိတဲ့ သူ့ရဲ့စိတ် ထားကို အခုလိုပြောပြတာက-

”ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်ကို ပြည်သူတွေကိုရစေချင်တယ်ဆိုတဲ့ ဆန္ဒကို ကျွန်တော်ဦးစား ပေးပါတယ်။ အဓိကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ရဲ့ပုံက ဗိုလ်ချုပ်ဖြစ်ဖို့ တော့လိုတယ်ပေါ့။ ဗိုလ်ချုပ်ပုံမဖြစ်ရင်တော့ ဒါကဗိုလ်ချုပ် မဟုတ်တော့ဘူးလေ။ အဲဒီတော့ ပုံစံတူအောင်လည်းထုတယ်။ ဗိုလ်ချုပ်ရဲ့ မူလစိတ်နေစိတ်ထားကိုလည်း ပေါ်လွင်စေအောင် ကျွန်တော့်အနေနဲ့ထည့်ပြီးတော့ ထုတယ်” လို့ ကိုအောင်ကျော်ထွန်းက ပြောပါတယ်။ အွန်လိုင်း ပေါ်မှာလည်း ဗိုလ်ချုပ်ရုပ်တုနဲ့ ပတ်သက်လို့ တချို့နေရာဒေသတွေမှာ ထားရှိတဲ့ပုံတူတွေက ဗိုလ်ချုပ်နဲ့ မတူဘဲကွဲပြားနေမှုတွေကြောင့် ဝေဖန်မှုတွေရှိနေပါတယ်။ ဗိုလ်ချုပ်နဲ့မတူတဲ့ပုံတူ တွေကို မြင်တွေ့ရတဲ့အခါ ပန်းပုပညာရှင်တစ်ယောက်အနေနဲ့ဘယ်လို ခံစားရလဲလို့မေးတော့…

”ဒါကအပ်နှံတဲ့လူအပေါ်မှာလည်း မူတည်ပါတယ်။ အပ်နှံတဲ့သူတွေက ဒီပန်းပုဆရာ ထုလုပ်ထားတဲ့ ရုပ်တုတွေကို အရင်ကြည့်ပါ။ ဒီပန်းပုဆရာ ထုလုပ်ထားတာကတော့ အများ ပြည်သူလက်ခံနိုင်တယ်ဆိုရင် အဲဒီလိုပန်းပုဆရာကို ရွေးချယ်မယ်ဆိုရင် ဒီပြဿနာတွေမရှိ ဘူးပေါ့။ ပန်းပုဆရာတွေကတော့ သူတို့ကို ရုပ်တုလာအပ်ရင် သူတို့ရဲ့ပညာစွမ်းကို အကုန်ထုတ် ပြီးတော့ ထုလုပ်မှာပါပဲ။ ဒါပေမဲ့ကျန်တာကတော့ Public နဲ့ ဆိုင်တဲ့အတွက်ကြောင့်မို့ လက်ခံ နိုင်တဲ့ ရုပ်တုမျိုးကိုပဲ အပ်နှံတဲ့သူက ကြိုတင်ပြီးတော့ ရွေးချယ်ဖို့လိုပါတယ်” လို့ ကိုအောင် ကျော်ထွန်းက သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071