အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းတလျှောက် ၂၀၀၇ ခုနှစ်က ချန်ပီယံဖြစ်ခဲ့သည့် မြန်မာအသင်းသည် (၁၀) နှစ်အကြာ ယနေ့ ဩဂုတ်လ (၁၆) ရက် ကျင်းပသည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြိုင်ဘက်ထိုင်းအသင်းကို အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်သွားပြီဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းအနေဖြင့် ပထမပိုင်းပွဲချိန်တွင် အသင်းခေါင်းဆောင် ဝင်းသင်္ဂီထွန်း၏ သွင်းဂိုးဖြင့် သရေရလဒ်ရထားရာမှ ဒုတိယပိုင်းတွင် ပင်နတီသွင်းဂိုးထပ်ရကာ (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
နာကျင်အချိန်ပို (၇) မိနစ် သတ်မှန်ခဲ့သော်လည်း (၉) မိနစ်အထိ ပွဲကစားစေခဲ့ပြီး ပွဲပြီးခါနီးတွင် ယွန်းဝတီလှိုင် (၂) လုံးထပ်မံသွင်းရသော်လည်း ထိုင်းဂိုးသမား၏ကာကွယ်မှုကြောင့် ဂိုးရရှိခဲ့ခြင်း မရှိပေ။
တစ်ဘက်တွင် ဆီမီးဖိုင်နယ်ပွဲစဉ်အနေဖြင့် အိမ်ရှင်ဗီယက်န မ် အသင်းနှင့် ဩစတီးလျအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဗီယက်နမ်အသင်းနှင့် ဗိုလ်လုပွဲ၌ ထိပ်တိုက်တွေ့ဆုံနိုင်ချေများနေခြင်း ဖြစ်သည်။
