အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သော မြန်မာ့လက် ရွေးစင် ယူ-၁၆ ဖူဆယ် အသင်းအား ဆုပေးပွဲ အခမ်းအနား ကို ယနေ့ ဇန်နဝါရီ (၆)ရက်
ညနေပိုင်းက MFF Futsal Stadium တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
တတိယဆုရ မြန်မာလက်ရွေးစင် ယူ- ၁၆အသင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ ကျပ်သိန်း (၁၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ကျပ်သိန်း (၂၀၀)၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်မှ ကျပ်သိန်း(၁၀၀)၊ MIU အသင်းပိုင်ရှင် ဦးဖြိုးမောင်မောင်က ကျပ်သိန်း(၁၀၀)၊ YRG အသင်းပိုင်ရှင် ဦးထက်ရဲနောင်က ကျပ်သိန်း(၁၀၀)၊ TG United အသင်းပိုင်ရှင် ဦးရွှေတောက်မှ ဆုကြေးငွေကျပ် သိန်း (၁၀၀)အသီးသီးချီးမြှင့်ခဲ့ကြသည်။
အလားတူ မိသားစု ပရိဘောဂ လုပ်ငန်း ဦးကျော်မြင့်ဦး၊ ဒေါ်ဖြူဖြူဝင်းမိသားစုမှ ဆုကြေးငွေကျပ် (၁၀)သိန်း စုစုပေါင်း ငွေကျပ် သိန်း (၇၁၀)ကို ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ကစတင်ကျင်းပလျက်ရှိသော Glan Master Futsal League I & II 2025- 26 ဖွင့်ပွဲအခမ်းအနားကိုလည်း တဆက်တည်းကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ စီးပွါးရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်၊ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ များဖြစ်ကြသော ဦးနိုင်သောင်းထိုက်နှင့် ဦးဖြိုးမောင်မောင်၊ ပြိုင်ပွဲ၏ စပွန်ဆာဖြစ်သော Glan Master (Century Beverage Co.Ltd) မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကစားသမားများနှင့် မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ် အသင်းသားများ တက်ရောက်ခဲ့ကြသည်။
