အာဆီယံ-ပရာ့ဂ်ကော်မတီမှ ကြီးမှူး၍ အာဆီယံအပေါင်း ရုပ်ရှင်ပွဲတော် ၂၀၂၅ အား စက်တင်ဘာ ၃ ရက်ည ၆ နာရီခွဲက ပရာ့ဂ်မြို့ရှိ မြူနီစပယ်စာကြည့်တိုက်၌ စတင်ကျင်းပခဲ့သည်။
အဆိုပါ ရုပ်ရှင်ပွဲတော်သို့ ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်တက်ရောက်ခဲ့ပြီး အာဆီယံ-ပရာ့ဂ်ကော်မတီ အလှည့် ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E. Mrs. Rina P. Soemarno နှင့် အထူးဧည့်သည်တော် ချက်နိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒု-ဝန် ကြီး H.E. Mr. David Kaspar တို့ကအမှာစကားများပြောကြားခဲ့ကြသည်။
ရုပ်ရှင်ပွဲတော်၌ မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်သော “ဥပါဒါန်”ဇာတ်ကားအပါအဝင် အာဆီယံအပေါင်း နိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားများကို စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ပြသသွားမည်ဖြစ်သည်။
