အသေးစား၊ အငယ်စား ဆန်စက်များအနေဖြင့်လည်း ဆန်စက်မှတ်ပုံတင်ခြင်းအပြင် MSME မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပြီး နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးနေသည့် MSME ချေးငွေကိုလည်း လျှောက်ထားရယူနိုင်ကြောင်း စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောသည်။
မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၇၅) နှစ် မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ယနေ့အချိန်မှာ နိုင်ငံတော်ရဲ့ မူဝါဒဖြစ်တဲ့ စားရေရိက္ခာဖူလုံရေး၊ MSME ကဏ္ဍနဲ့ ပို့ကုန်မြှင့်တင်ရေးစတဲ့ မူဝါဒများကို အကောင်အထည်ဖော်ရာမှာ ဆန်စက်များရဲ့ လည်ပတ်မှု၊ ဆန်စက်များအဆင့်မြှင့်တင်မှု၊ တိုးချဲ့တည်ဆောက်မှုတို့လည်း များစွာဆက်စပ်ပတ်သက်နေတာကို လေ့လာတွေ့ရှိပါတယ်။ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးကို ယခုထက်ပိုပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတော်အတွက်ရော၊ လုပ်ငန်းရှင်များ အတွက်ပါ များစွာအကျိုးကျေးဇူးရရှိနိုင်မှာဖြစ်ပါတ ယ်။ ဒီနေရာမှာ ဆန်စက်လုပ်ငန်းရဲ့ ဘေးထွက်ပစ္စည်း၊ စွန့် ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်လုပ်တဲ့ ဖွဲနုဆီထုတ်လုပ် မှု၊ စပါးခွံမှလျှပ်စစ်ထုတ်လုပ်မှု စတဲ့ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြည် ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် ဖွဲနုဆီစက်၊ Gasifier၊ ဘွိုင်လာ၊ စတင်းတာဘိုင်စနစ်နဲ့ လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံများတည်ထောင် ဆောင်ရွ က်ကြရန် စက်မှုဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာပညာရပ်ကောင် စီများတို့နှင့် တိုင်ပင်ညှိနှိုင်းပြီး နိုင်ငံတော်၏ ဥပဒေ၊ စည်း မျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းအကြံပြုသွားသည်။
လက်ရှိတွင် စက်မှုဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် ဆ န်စက်အရေ အတွက် စုစုပေါင်း (၁၂,၃၄၀) ရှိပြီး ဆန်စက်များမှာ အသုံး ပြုသည့် ဘွိုင်လာအရေအတွက်ပေါင်း (၁၅ ၉) လုံး၊ Gasifier အရေအတွက်ပေါင်း (၅၉၇) လုံးရှိကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် လိုအပ်သည့်ချေး ငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆)ခုတို့မှ ထုတ်ချေးပေးလျ က်ရှိကြောင်း သိရသည်။
ချေးငွေအတိုးနှုန်းများအနေဖြင့် Fixed Capital အနည်းဆုံး (၃၀%) နှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၃ %၊ Working Capital (၁၀၀%) အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၄ % နှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၅% တို့ဖြင့် ချေးငွေများ လျှောက်ထားနိုင်ကြောင်း သိရသည်။