Friday, June 19, 2026

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးလေဆိပ်မှတစ်ဆင့် နေပြည်တော်သို့...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နေ့လည်ပိုင်းက ဟန်ကျိုးမြို့ရှိ...

ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေသည့် လူသားပုံစံတူ စက်ရုပ်...

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် တည်ရှိပြီး လူသားပုံစံတူ စက်ရုပ်(Humanoid Robots) နှင့် စက်ရုပ်ခွေး များ (Quadruped Robots) ကို ကမ္ဘာ့ဈေးကွက်သို့...

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏...

ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၇ ရုံ...

နေပြည်တော်၊ ဇွန် ၁၉ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီး (၇) ရုံ ပူးပေါင်းဆောင်ရွက်သည့် ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအစီအစဉ်တွင် လူနာ ၂,၁၁၀ ဦးအား...
HomeNewsLocal Newsအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ပြဌာန်း၊...

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ပြဌာန်း၊ မှတ်ပုံမတင်ဘဲအသင်းအဖွဲ့လုပ်ငန်များ လုပ်ဆောင်ပါက ထောင် (၃) နှစ်အထိ ကျခံရနိုင်

၂၀၂၂ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင် မရှိဘဲ အသင်းအဖွဲ့လုပ်ငန်းများ လုပ်ဆောင်ပါက ထောင်ဒဏ် (၃) နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။

ယခင် ၂၀၁၄ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေကို မကြာမီ ရက်ပိုင်းအတွင်းက ပယ်ဖျက်ကာ ဥပဒေသစ်ကို ပြဌာန်းခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ ဥပဒေသစ်အရ ယခင်က မှတ်ပုံတင်ပြီးသား အသင်းအဖွဲ့များအနေဖြင့် သက်တမ်းကျန်ရှိနေသေးပါက သက်တမ်းတိုးရန် မလိုအပ်ဘဲ သက်တမ်းကုန်ဆုံးပြီဖြစ်သည့် အသင်းအဖွဲ့များအနေဖြင့် မဖြစ်မနေ သက်တမ်းတိုးရန်လိုအပ်ကြောင်း ဖော်ပြပါရှိသည်။

အကယ်၍ သက်တမ်းတိုးခြင်း မရှိဘဲ လုပ်ငန်းဆက်လက်ဆောင်ရွက်မည်ဆိုပါက ‌ငွေဒဏ်အနေဖြင့် (၅) သိန်းကျပ် ရခံရမည်ဖြစ်ပြီး ငွေဒဏ်မပေးဆောင်ပါက ထောင်ဒဏ် (၂) နှစ်အထိ ကျခံရမည်ဟု ၂၀၂၂ အသင်းအဖွဲ့ဥပဒေသစ်တွင် ပြဌာန်းထားသည်။

ထို့အပြင် ယခင်ကမှတ်ပုံတင်ရရှိပြီးသား သက်တမ်းကုန် ဆုံးနေသည့် အသင်းအဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင်အသစ် ပြန်လည်လျှောက်ထားရမည် ဖြစ်ပြီး ယင်းသို့ လျှောက်ထားခြင်း မရှိဘဲ လုပ်ငန်း ဆက်လက် လုပ်ကိုင်မည်ဆိုပါက ထောင်ဒဏ် (၃) နှစ်အထိ ကျခံရနိုင်ပြီး မှတ်ပုံတင်မရှိသည့် အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်နေသူများကို ထောင်ဒဏ် (၂) နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ထောင်ဒဏ်မကျခံလိုပါက အရေးယူခံရသည့် အသင်းဝင်များအနေဖြင့် ဒဏ်ငွေ (၅) သိန်းကျပ် ပေးဆောင်ရမည်ဟုလည်း ဆိုသည်။

ပြည်တွင်းအသင်းအဖွဲ့များအနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းဆောင်ရွက်လိုပါက ပြည်ထောင်စုနယ်မြေ မှတ်ပုံတင်ရေးအဖွဲ့ထံတွင် မှတ်ပုံတင် လျှောက် ထားရမည်ဖြစ်ပြီး မှတ်ပုံတင်ကြေးအနေဖြင့် ငွေကျပ် (၃) သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အစိုးရက တရားဝင် ခွင့်ပြုကာ မှတ်ပုံတင် ထုတ်ပေးထားသည့် အသင်းအဖွဲ့များအနေဖြင့် မတရားအသင်းနှင့် ဆက်သွယ်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ ဖြစ်စေ လုပ်ဆော င်ခွင့် မပြုကြောင်းလည်း ယင်းဥပဒေက ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် လုပ်ရပ်များ ၊ တရား ဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေမည့် လုပ်ရပ်များကို တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်၍ သော်သော်လည်းကောင်း မလုပ်ဆောင်ကြရန်လည်း ၂၀၂၂ ခုနှစ် အသင်းအဖွဲ့ ဥပဒေသစ်က တားမြစ်ပြဌာန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးလေဆိပ်မှတစ်ဆင့် နေပြည်တော်သို့ အထူးလေယာဥ်ဖြင့်ပြန် လည်ထွက်ခွာ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နေ့လည်ပိုင်းက ဟန်ကျိုးမြို့ရှိ ဟန်ကျိုးလေဆိပ်မှတစ်ဆင့် နေပြည်တော်သို့ အထူးလေယာဥ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်အဖြစ် ဇွန် ၁၅ ရက်မှစတင်ကာသွားရောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသမ္မတ၊ တရုတ်နိုင်ငံဝန်ကြီးချုပ်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC)ဥက္ကဋ္ဌတို့အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် ပေကျင်းမြို့၊ ရှန်ဟိုင်းမြို့နှင့် ဟန်ကျိုးမြို့တို့ရှိ အထင်ကရနေရာများ၊ စက်ရုံ၊ အလုပ်ရုံများကိုလည်း ကြည့်ရှုလေ့လာပြီး စီးပွားရေးဆိုင်ရာအစည်းအဝေးများကိုလည်းတက်ရောက်ခဲ့သည်။ ထို့အတူ နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးပြီးချိန်ကလည်း...

ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေသည့် လူသားပုံစံတူ စက်ရုပ် နှင့် စက်ရုပ်ခွေး ထုတ်လုပ်သည့် Unitree Robotics ကို နိုင်ငံတော်သမ္မတ လေ့လာ

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် တည်ရှိပြီး လူသားပုံစံတူ စက်ရုပ်(Humanoid Robots) နှင့် စက်ရုပ်ခွေး များ (Quadruped Robots) ကို ကမ္ဘာ့ဈေးကွက်သို့ စီးပွားဖြစ် တင်ပို့ရောင်းချလျက်ရှိသည့် Unitree Robotics ကုမ္ပဏီသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ကုမ္ပဏီသို့ ရောက်ရှိစဉ် Unitree Robotics မှ တာဝန်ရှိသူများက ရိုဘော့နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ကမ္ဘာ့ဈေးကွက်အတွင်း ဖြန့်ချိရောင်းချနေမှု အခြေအနေများကို...

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ လေ့လာ၊ Leapmotor နှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများ ဆွေးနွေး

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Leapmotor ကုမ္ပဏီသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ကုမ္ပဏီတာဝန်ရှိသူများက EV မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နောက်ဆုံးပေါ် မောင်းနှင်မှုနည်းပညာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုခဲ့သည်။ Leapmotor ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ EV စက်မှုလုပ်ငန်းတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071