အသင်းပေါင်း (၅၀) ဝင်ရောက်ယှဉ်ပြိုင်မည့် IMANE Futsal Amateur Cup 2025 ပြိုင်ပွဲကို ဇွန်လ (၄) ရက်တွင် စ တင် ကျင်းပသွားမည်ဖြစ်ကြောင်း ဖူဆယ်ကော်မတီထံက သိရသည်။
အုပ်စုအဆင့်ပွဲစဉ်များကို ဇွန် (၄) ရက်မှ (၂၀) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရှုံးထွက် အဆင့်ပွဲစဉ်များ၊ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များ၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်ပွဲစဉ်များကိုလည်း တဆက်တည်း ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
IMANE Futsal Amateur Cup 2025 ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားနှင့် အဖွင့်ပွဲစဉ်များကို ဇွန် (၄)ရက် ၊ နံနက် (၉)နာရီ အချိန်မှ စတင်၍ MFF Futsal Stadium တွင် ကျင်းပပြု လုပ်သွားမည် ဖြစ်သည်။
IMANE Futsal Amateur Cup 2025 ပြိုင်ပွဲ၏ ကွင်းဝင်ကြေးကို (၂,၀၀၀) ကျပ် သတ်မှတ်ထားပြီး ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များမှ စတင်၍ MFF Futsal Official Youtube Channel တွင် တို-က်ရို-က်ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း ဖူဆယ်ကော်မတီက အသိပေးထားသည်။