ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
“ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်”ဟု ၎င်းက ဆိုသည်။
ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင် ရည်းစားဖြစ်သူနောက်လိုက်သွားသည်ဟု ထင်မှတ်ထားသော်လည်း သမီးဖြစ်သူနှင့် ချစ်သူဖြစ်နေသူ ကောင်လေးမှာ လက်ရှိတွင် ရပ်ကွက်အတွင်း ရှိနေသဖြင့် ပိုမိုစိတ်ပူသွားရကြောင်းနှင့် သမီးဖြစ်သူပျေ-ာက်ဆုံးမှုအတွက် ဖုန်းများဆက်၍ မေးမြန်းမှုများရှိနေကြပြီး ငွေကြေးလိမ်လည်တောင်းခံမှုမျိုး ယနေ့အထိ မရှိသေးကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်ကလည်း ရန်ကုန်တိုင်းလှည်းကူးမြို့နယ် မိုးသောက်ပန်းဘော်ဒါဆောင်မှ အသက် (၁၇) နှစ်အရွယ် Grade 12 ကျောင်းသူ (၂) ထပ်ကွင်းလူရည်ချွန် ရရှိထားသည့် မဆုရတနာအောင်ဆိုသူ မိန်းကလေးငယ်ကိုလည်း ယနေ့အချိန်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးပေ။
(၁၇)နှစ်အရွယ် မဆုရတနာအောင်ကို တွေ့ရှိသူအားကျေးဇူး ဆပ်ငွေသိန်း (၂၀၀) ပေးမည်ဟု မိခင်ဖြစ်သူက ပြောကြားထားပြီး မည်သည့်သတင်းမျှ အတိအကျမကြားရဘဲ ပျော က်ဆုံးနေဆဲဖြစ်သည်။
