ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီးမြစိန်(ငြိမ်း)(မော်ကွန်းဝင်ဒုတိယအဆင့်)သည် အသက်(၁၀၀)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၍ အောက်တိုဘာ ၂ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုသိမ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့မှတာဝန်ရှိသူများက ဂါရဝပြုတွေ့ဆုံခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်၊ ဧရာဝတီတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုသိမ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့မှပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဂါရဝပြုပေးအပ်ခဲ့ကြသည်။
