ယနေ့ ဇူလိုင် ၂၈ ရက် ညနေပိုင်းအချိန်၌
ဖိလစ်ပိုင်က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် ASEAN HYUNDAI CUP 2026 ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အ မျိုးသားအသင်းမှာ အိမ်ရှင်ဖိလစ်ပိုင် အ သင်း ကို ၄-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီဖြစ် သည်။
ယနေ့ပွဲစဉ် ပထမပိုင်း၌ ကျော်မင်းဦးနှင့် သန်းပိုင်တို့က သွင်းဂိုး၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သလို ဒုတိယပိုင်းပွဲချိန်တွင် သန်းပိုင်နှင့်ဝင်းနိုင်ထွန်းတို့က နောက် ထပ်သွင်းဂိုး ၁ဂိုးစီ သွင်းယူခဲ့ပြီး၊ပြိုင် ဘက် ဖိလစ်ပိုင်အသင်းက ချေပဂိုး ၁ဂိုးသွင်းယူခဲ့သည်။
ယင်းအတွက် ပွဲစဉ်ပြီးဆုံးချိန်၌ ၄-၁ဂိုးဖြင့် အဝေးကွင်းတွင်မြန်မာအသင်းခြေစွမ်းပြနိုင်ခဲ့သည်။
ပြီးခဲ့သော ဇူလိုင်၂၅ ရက်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် AFF Cham pionship Hyundai Cup 2026ပြိုင်ပွဲ အုပ် စုအဖွင့်ပွဲစဉ်၌ မြန်မာ-မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှာ ၂-၁ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ထားသည်။
