Thursday, August 6, 2026

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ...

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ကို ကြိုဆိုအသိအမှတ်ပြုဟု...

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးကူညီမည်ဖြစ်၍ ကြိုဆိုအသိအမှတ်ပြုသည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊...

မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသည် အာဆီယံနှင့် အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုများကို...

ယနေ့ ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်သီးသန့်တွေ့ဆုံမှုအပြီး မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံ၏...

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက်ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံမူလအခြေအနေအတိုင်း...

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက်ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံမူလအခြေအနေအတိုင်း ပြန်လည်ပါဝင်နိုင်ရေးကိုလိုလားသည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ကပြောသည်။ ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းက...
HomeNewsLocal Newsအလုပ်အကိုင်၂၆၀၀ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းသစ်(၁၀)ခုအား...

အလုပ်အကိုင်၂၆၀၀ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းသစ်(၁၀)ခုအား MICခွင့်ပြု

အလုပ်အကိုင်၂၆၀၀ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းသစ်(၁၀)ခုအား MICခွင့်ပြု

ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ၌ လုပ်ငန်းသစ် ၁၀ ခုကို ဇန်နဝါရီ၁၄ရက်က ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကခွင့်ပြုခဲ့သည်ဟု သိရသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၇၉ သန်းနှင့် ငွေကျပ် ၈၀၆,၀၆၆ ဒသမ ၅၉၅ သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၆၄၆ နေရာကို ဖန်တီးပေးနိုင်မည်ဟု (MIC)က ပြောဆိုထားသည်။

အစည်းအဝေး၌ နစက ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ခွင့်ပြုခဲ့သည့်လုပ်ငန်းများတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ထားသည့် ကဏ္ဍများဖြစ်သော မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍများ ပါဝင်သည်ဟု သိရသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇၉ ဒသမ ၃၉၅ သန်း ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အနေဖြင့် လုပ်ငန်းပေါင်း ၂၀ က စုစုပေါင်း ငွေကျပ် ၁,၀၄၈,၀၂၉ ဒသမ ၂၁၅ သန်းဖြင့် လည်းကောင်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၂,၇၄၇ ခု ဖန်တီးပေးနိုင်ခဲ့ ကြောင်း (MIC)က ပြောဆိုထားသည်။

Zaw Gyi

အလုပ္အကိုင္၂၆၀၀ေက်ာ္ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇပ္ႏွံမႈ လုပ္ငန္းသစ္(၁၀)ခုအား MICခြင့္ျပဳ

ေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၅ ခု၏ မတည္ေငြရင္း တိုးျမႇင့္ျခင္း အပါအဝင္ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑၊ ကုန္ထုတ္လုပ္မႈက႑၊ သတၱဳက႑ႏွင့္ ဝန္ေဆာင္မႈက႑မ်ား၌ လုပ္ငန္းသစ္ ၁၀ ခုကို ဇန္နဝါရီ၁၄ရက္က က်င္းပသည့္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္(MIC) ၏ (၁/၂၀၂၂) ႀကိမ္ေျမာက္ အစည္းအေဝးကခြင့္ျပဳခဲ့သည္ဟု သိရသည္။

အဆိုပါ လုပ္ငန္းမ်ား၏ ရင္းႏွီးျမဳပ္ႏွံမႈပမာဏသည္ အေမရိကန္ေဒၚလာ ၂၄၁ ဒသမ ၇၉ သန္းႏွင့္ ေငြက်ပ္ ၈၀၆,၀၆၆ ဒသမ ၅၉၅ သန္း ရွိၿပီး ျပည္တြင္း လုပ္သားမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေပါင္း ၂,၆၄၆ ေနရာကို ဖန္တီးေပးႏိုင္မည္ဟု (MIC)က ေျပာဆိုထားသည္။

အစည္းအေဝး၌ နစက ေကာင္စီအဖြဲ႕ဝင္၊ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ေကာ္မရွင္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကၿပီး ခြင့္ျပဳခဲ့သည့္လုပ္ငန္းမ်ားတြင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္က ရင္းႏွီးျမႇဳပ္ႏွံမႈ ဖိတ္ေခၚထားသည့္ က႑မ်ားျဖစ္ေသာ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း က႑မ်ားႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းက႑မ်ား ပါဝင္သည္ဟု သိရသည္။

၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလမွ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလအထိ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ခြင့္ျပဳမႈအေနျဖင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၁၉ ခုက စုစုေပါင္း အေမရိကန္ေဒၚလာ ၄၇၉ ဒသမ ၃၉၅ သန္း ျဖင့္လည္းေကာင္း၊ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ အေနျဖင့္ လုပ္ငန္းေပါင္း ၂၀ က စုစုေပါင္း ေငြက်ပ္ ၁,၀၄၈,၀၂၉ ဒသမ ၂၁၅ သန္းျဖင့္ လည္းေကာင္း ခြင့္ျပဳခဲ့ၿပီး အလုပ္အကိုင္ အခြင့္အလမ္းေပါင္း ၁၂,၇၄၇ ခု ဖန္တီးေပးႏိုင္ခဲ့ ေၾကာင္း (MIC)က ေျပာဆိုထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071