ဗီယန်ကျင်း၊ ဖေဖော်ဝါရီ ၂၆
လာအိုနိုင်ငံ၏ အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာနသည် အာဆီယံ အလုပ်သမား စစ်ဆေးရေး ကော်မတီ (ALICOM) ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကော်မတီ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ၂၀၂၂-၂၀၃၀ အတွင်း အာဆီယံ အလုပ်သမား စစ်ဆေးရေး ကော်မတီ၏ လုပ်ငန်း တိုးတက်မှု ကို ပြန်လည် သုံးသပ်ရန် အဓိကထားဆွေးနွေးခဲ့ကြပါသည်။
အင်္ဂါနေ့တွင် ကျင်းပသည့် အဆိုပါအစည်းအဝေးတွင် ပါဝင်သူများကို အတွေ့အကြုံများ ဖလှယ်ရေး၊ အကောင်အထည်ဖော်ရေး မဟာဗျူဟာများ ကိုဆွေးနွေးရေး၊ စိန်ခေါ်မှုများကို ဖြေရှင်းရေး၊ လုပ်သားစစ်ဆေးရေးမှူးများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အလုပ်သမားစောင့်ကြည့် ထိန်းချုပ်ရေးဌာနကို စစ်ဆေးရေး နှင့် မူဝါဒများ ချမှတ်ရေးစသည့် အဓိကကဏ္ဍများကို အာရုံစိုက်ကာ အဓိကဆွေးနွေးခဲ့ကြသည်ဟု လာအိုအမျိုးသားရေဒီယိုက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြထားသည်။
ဤအစည်းအဝေးသည် ဒေသတွင်း ၌ အလုပ်သမား စစ်ဆေးရေးစနစ်များ ပိုမိုကောင်းမွန်လာစေရန် အတွက်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လုပ်သားအင်အားများအတွက် ပိုမိုကောင်းမွန်သော အကာအကွယ်များ ရရှိစေရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဘုံစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အသိပညာနှင့် အရင်းအမြစ်များကို ထိရောက်စွာ မျှဝေနိုင်စေရေးတို့ဖြစ်ကြောင်း သိရသည်။
Ref: ရှင်းဟွာ
