Tuesday, August 4, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeInternationalအရှေ့ပိုင်းယူကရိန်း စစ်ခေါင်းဆောင်မော်စကိုဗုံးပေါက်ကွဲမှုတွင်‌ေ-သဆုံး

အရှေ့ပိုင်းယူကရိန်း စစ်ခေါင်းဆောင်မော်စကိုဗုံးပေါက်ကွဲမှုတွင်‌ေ-သဆုံး

အရှေ့ပိုင်းယူကရိန်း မှ ရုရှားထောက်ခံသည့် စစ်အဖွဲ့ ခေါင်းဆောင် အာမန် ဆာကစ်ဆန် ကို တနင်္လာနေ့တွင် မော်စကိုမြို့ရှိ ဇိမ်ခံအဆင့်မြင့် အိမ်ရာအဆောက်အအုံတွင် ဗုံးပေါက်ကွဲမှုကြောင့် ‌ေ-သဆုံးခဲ့ကြောင်း TASS သတင်းဌာန နှင့် အခြားရုရှားမီဒီယာများက ဖော်ပြခဲ့ကြသည်။ TASS သတင်းဌာန ကတော့ ဒီဗုံးပေါက်ကွဲမှုဟာ အသေအခြာစီစဉ်ထားတဲ့လုပ်ကြံမှုတစ်ခုဖြစ်သည်ဟု သုံးသပ်ထားသည်။

ရုရှားမီဒီယာများ၏ ဖော်ပြချက်အရ ဆာကစ်ဆန် သည် သူ့၏ကိုယ်ရံတော်များနှင့်အတူ မော်စကိုမြစ် ကမ်းခြေတစ်လျှောက်ရှိ Scarlet Sails အိမ်ရာ၏ မြေညီထပ်သို့ ဝင်ရောက်သည့်အချိန်တွင် ဗုံးပေါက်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာသည် ခရမ္မလင် နန်းတော်နှင့်  ၁၂ ကီလိုမီတာ (၇ မိုင်) ခန့်သာ ဝေးကွာသည့်နေရာလည်းဖြစ်သည်။ သက်တော်စောင့် တစ်ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Kommersant သတင်းစာကဖော်ပြထားသည်။

ဆာကစ်ဆန် ကိုလုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုကို သေချာစီစဉ်၍ တစ်စုံတစ်ယောက်က အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးစုံစမ်း‌ဆေး‌ရေးအရာရှိများက ယင်းရာဇဝတ်မှုကို မည်သူက အမိန့်ပေးခဲ့သည်ကို လက်ရှိတွင် ဖော်ထုတ်နေတယ်လို့ တရားဥပဒေအဖွဲ့ဝင်တစ်ဦးကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှားလုံခြုံရေးဝန်ဆောင်မှုများနှင့် ဆက်သွယ်မှုရှိသည့် Baza အမည်ရှိ Telegram Channel သည် အဆောက်အအုံ၏ ဝင်ပေါက်ဧရိယာတွင် ပေါက်ကွဲမှုကြောင့်ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ပြသသည့် ဗီဒီယိုကို တင်ထားခဲ့သည်။

ရိုက်တာသတင်းထောက်များက ပေါက်ကွဲမှုဖြစ်ပွားသောနေရာတွင် ပြိုကျသွားသည့် မှန်တံခါးများ ကို တွေ့မြင်ခဲ့ပြီး ဒဏ်ရာရသူများကို သယ်ယူပို့ဆောင်ပေးနေသော ရဟတ်ယာဉ် တစ်စီးကိုလည်း မြင်တွေ့ခဲ့ကြကြောင်း ယင်းအခင်းဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့များ အများအပြားသွားလာနေသည် ကိုလည်း တွေ့မြင်ခဲ့ကြကြောင်းဖော်ပြထားသည်။

ဆာကစ်ဆန် ကို ယူကရိန်းနိုင်ငံ၏  Donetsk နယ်မြေဒေသတွင် ရာဇဝတ်မှုအဖွဲ့ခေါင်းဆောင် တစ်ဦးအဖြစ် ဖော်ပြခဲ့ပြီး ယင်းနယ်မြေဒေသကို  ၂၀၁၄ ခုနှစ်မှစ၍ မော်စကိုကထိန်းချုပ် ပေးလျက်ရှိသည်။ထို့ပြင် သူသည် တရားမဝင် လက်နက်ကိုင်အဖွဲ့များတွင် ပါဝင်မှုနှင့် အထောက်အပံ့ပေးမှုကြောင့် သံသယ ရှိနေသူဟု ယူကရိန်း SBU လုံခြုံရေးအဖွဲ့အစည်းက ဒီဇင်ဘာလတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဆာကစ်ဆန် က ဒေသခံအကျဉ်းသားတိုက်ခိုက်သမား များဖြင့် ရုရှားထောက်ခံသည့် စစ်တပ်တစ်ခု ဖွဲ့စည်းခဲ့ပြီး ရှေ့တန်းတပ်များအတွက် လိုအပ်သည့်ထောက်ပံ့မှုများ ကိုယ်တိုင် စီစဉ်ဝယ်ယူပေးခဲ့သည် ဟု လည်း သိရသည်။

အာမေးနီးယားနွယ်ဖွား ဆာကစ်ဆန် က Donetsk နယ်မြေဒေသရှိ ဟော်လ်လီဗ်ကာ မြို့တွင် ရာဇဝတ်မှုအဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ရာဇဝတ်မှုများကို ပါဝင်ဆောင်ရွက်ခဲ့သည်ဟု လွတ်လပ်သော ရုရှားမီဒီယာ Mediazona  ကရေးသားဖော်ပြထားသည်။ Kyiv ရဲ့ တပ်ဖွဲ့များကိုတိုက်ခိုက်ရန်အတွက် ဆာကစ်ဆန် က ၎င်း၏လုပ်ဖော်ကိုင်ဖက် အာမေးနီးယန်း အများစု ပါဝင်ပြီး ရုရှားလိုလားသော အရံ တပ်ဖွဲ့တစ်ခုကို ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့သူဖြစ်သည်။

ဒီဇင်ဘာလတွင် ယူကရိန်းဘက်က ရုရှားစစ်ဗိုလ်ချုပ်ကြီး အီဂိုအာ ကီရီလိုဗ် ကို မော်စကိုမြို့ တိုက်ခန်းအဆောက်အအုံ၏အပြင်ဘက်တွင် ဗုံးခွဲ လုပ်ကြံခဲ့မှုကို ထုတ်ဖော်ဂုဏ်ယူခဲ့သော်လည်း ယခု တနင်္လာနေ့ ဗုံးခွဲမှုကို မှတ်ချက်ပေးထားခြင်း၊တုံ့ပြန်ခြင်း မရှိသည်ကိုတွေ့ရှိရသည်။

Ref: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့် ရေတံခါးများ ဖွင့်ချထား၊

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက် ဩဂုတ်လ ၃ ရက် ည ၈ နာရီမှစတင်ကာ ရေတံခါးများကို ဖွင့်ချထားကြောင်း မြန် မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီက အသိပေးထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ တံငါတံတား၏ လက်ရှိရေအမှတ်မှာ ၉၅ ဒသမ ၆ ပေသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း၊ နောက်ထပ် ရေ ၃ ပေခန့် ထပ်မံမြင့်တက်လာပါက...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် COW မိုဘိုင်းကား တပ်ဆင်

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို တပ်ဆင်ထားကြောင်း သိရသည်။ B2B Satellite Terminal ၂ စုံအနက် တစ်စုံကို လေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စုရှိ စစ်ကွင်းဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် တပ်ဆင်ထားပြီး ကျန်တစ်စုံကို သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာတွင် တပ်ဆင်ထားကြောင်း သိရသည်။ ထို့ပြင် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို စာရေးကွင်းတွင်...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071