(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမားများအနေဖြင့် သုဝဏ္ဏပိုက်ကျော်ခြင်း လေ့ကျင့်ရေးရုံ၌ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စခန်းသွင်း လေ့ကျင့်မှုများအား အားကစားနှင့် ကာ ယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ်နှင့် မြန်မာ နိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ တို့ က အမျိုးသား (၄) ယောက်တွဲပြိုင်ပွဲနှင့် Mixed Quadrant ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် နည်းပြအဖွဲ့အား ကျပ်(၁)သိန်းကျပ်နှင့် ပြိုင်ပွဲယှဥ်ပြိုင် ကစားခဲ့ကြသော အားကစားသမားများအား ကျပ် (၆)သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့်အားက စားနည်း(၂၄)မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်မှ (၂၀)ရက်နေ့အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့၊ ချောင်ဘူရီမြို့နှင့် ဆောင်ခလာမြို့တို့၌ ကျင်းပသွားမည်ကာ အားကစားအမျိုးအစားပေါင်း (၅၀) ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် ဆီးဂိမ်းပြိုင်ပွဲအား အိမ်ရှင်နိုင်ငံအဖြစ် (၇) ကြိမ်မြောက် လက်ခံကျင်းပပြုလုပ်ခြင်းဖြစ်သည်။