Wednesday, December 31, 2025

ပီရူးမှာရထားနှစ်စီး ခေါင်းချင်းဆိုင်တို-က်၊ တစ်ဦး‌ေ-သ၊ လေးဆယ်...

ဒီဇင်ဘာ ၃၁ ပီရူးနိုင်ငံ၏ ကျော်ကြားသော မာချူးပီချူးရှေးဟောင်းအမွေအနှစ်နေရာသို့ ပြေးဆွဲသည့် ရထားလမ်းပိုင်း၌ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရထားနှစ်စီး ခေါင်းခြင်းဆိုင်တို-က်မိရာ လူတစ်ဦး‌ေ-သဆုံးပြီး ၄၀...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့်...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ နွားများ၏ သားအောင်နှုန်းကို လေ့လာဆန်းစစ်ခြင်း၊ အရည်အသွေးအကဲဖြတ်စစ်ဆေးခြင်းနှင့် သားအောင်ရန်...

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာ-ရှားတော ကျေးရွာ...

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး...

ညပိုင်းကျင်းပမည့် နှစ်သစ်ကူးပွဲအတွက် YBS ယာဉ်လိုင်း...

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ညပိုင်းကျင်းပသွားမည့် နှစ်သစ်ကူးပွဲများအတွက် ယနေ့မှစတင်ကာ (ဇန်နဝါရီ ၄ရက်)နေ့အထိ ငါးရက်တိုင်တိုင် YBS ယာဉ်လိုင်း (၇)လိုင်း ယာဉ်စီးခအခမဲ့ဖြင့် စီးနင်းနိုင်မည်...
HomeNewsLocal Newsအရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏...

အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ ဒုတိယအကြိမ်မြောက် “စွမ်းအင်ဖလား” ချစ်ကြည်ရေး ပိုက်ကျော်ခြင်း ပြိုင်ပွဲ နေပြည်တော်၌ ကျင်းပ

မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့နှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် ယဉ်ကျေးမှုဖလှယ်ရေးကို စဉ်ဆက်မပြတ် မြှင့်တင်ရန်အတွက်ရည်ရွယ်၍၊ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (SEAOP/SEAGP) မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် “စွမ်းအင်ဖလား” ချစ်ကြည်ရေး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲသို့ မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးထက်သျှန်ဖြိုး၊ SEAOP/SEAGP ဥက္ကဋ္ဌ Mr. Wang Qiang နှင့် ဒုတိယဥက္ကဌ Mr. Zhao Huatao တို့ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် SEAOP/SEAGP တို့မှ ကိုယ်စားပြုအသင်း ၄ သင်း၊ အားကစားသမား ၂၀ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ပထမဆု (ချန်ပီယံ)ကို SEAGP ကိုယ်စားပြုအသင်း၊ ဒုတိယဆုကို MOGE (A) အသင်း၊ တတိယဆုကို SEAOP ကိုယ်စားပြုအသင်းတို့က ရရှိခဲ့ကြသည်။

ဆုပေးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားသမားများ၏ ကြိုးပမ်းမှုကို ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပီရူးမှာရထားနှစ်စီး ခေါင်းချင်းဆိုင်တို-က်၊ တစ်ဦး‌ေ-သ၊ လေးဆယ် ဒ-ဏ်ရာရ

ဒီဇင်ဘာ ၃၁ ပီရူးနိုင်ငံ၏ ကျော်ကြားသော မာချူးပီချူးရှေးဟောင်းအမွေအနှစ်နေရာသို့ ပြေးဆွဲသည့် ရထားလမ်းပိုင်း၌ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရထားနှစ်စီး ခေါင်းခြင်းဆိုင်တို-က်မိရာ လူတစ်ဦး‌ေ-သဆုံးပြီး ၄၀ ဦး ထက်မနည်းဒ-ဏ်ရာရရှိခဲ့ကြောင်း ပီရူးအာဏာပိုင်များက ပြောကြားခဲ့သည်။ ရှေးဟောင်း အင်ကာနယ်မြေနှင့် အနီးဆုံးမြို့ဖြစ်သည့် ကူစကိုမြို့၊ ရှေ့နေရုံး၏ အဆိုအရ ‌ေ-သဆုံးသူမှာ တို-က်မိခဲ့သည့် ရထားတစ်စီးမှ စက်ခေါင်းမောင်းဖြစ်ကြောင်း သိရှိရပါသည်။ တာဝန်ရှိသူများက ဒ-ဏ်ရာရရှိသူများ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ကြိုးပမ်းလျက်ရှိပြီး အများစုမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများ ဖြစ်ကြောင်း သိရှိရပြီး ပြင်းထန်သော ဒ-ဏ်ရာများ...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်ခဲ့သည့် နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်း စီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနားကျင်းပ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ နွားများ၏ သားအောင်နှုန်းကို လေ့လာဆန်းစစ်ခြင်း၊ အရည်အသွေးအကဲဖြတ်စစ်ဆေးခြင်းနှင့် သားအောင်ရန် လိုအပ်သည်များကို စီမံဆောင်ရွက်ခြင်းဖြင့် နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်း စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းတွင် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ ကျင်းပသည်။ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယခုစီမံကိန်းတွင် ဆောင်ရွက်ခဲ့သည့် နွားအမများ၏ မျိုးပွားအင်္ဂါလမ်းကြောင်းများကို ခေတ်မီစက်ကိရိယာများဖြင့် စစ်ဆေးသုံးသပ်ခြင်း၊ Ultrasound စက်ကြီးများ၊ Hormone...

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာ-ရှားတော ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ပေ (၁၈၀) ရေနိမ့်တံတားဖွင့်လှစ်

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့သော နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ညောင်ပင်သာ-ရှားတော ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ Submersible Bridge ပေ (၁၈၀) ရေနိမ့်တံတားကို ဒီဇင်ဘာ ၃၀ ရက်၊နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ တံတားဖွင့်ပွဲကို အဆိုပါတံတား၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071