ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုများအရေးကြီး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဦးဆောင်ကာ ယနေ့ သြဂုတ် ၁၃ ရက်မွန်းလွဲပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
လေ့ကျင့်မှုကိုအထောက်အကူပြုမည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာများ၊ မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် အားကစားနည်းများအလိုက် လက်ရှိစခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ၏ လေ့ကျင့်ဆောင်ရွက်နေမှု၊ စံချိန်/ စံညွှန်းတိုးတက်မှု၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းလိုအပ်မှုများကို ပြည်ထောင်စုဝန်ကြီး ကဆွေးနွေးပြောကြားခဲ့သည်။
နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စတီနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံပေါင်း ၁၁ နိုင်ငံ ပါဝင်ယှဥ်ပြိုင်ကြသည်။
လွန်ခဲ့သည့် နှစ်နှစ်တွင် ကမ္ဘောဒီးယား ကဆီးဂိမ်းကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့စဉ်က၊ ဗီယက်နမ်က ရွှေတံဆိပ် ၁၃၆ ခုဖြင့် ထိပ်ဆုံးမှ ရပ်တည်နေပြီး ထိုင်းက (၁၀၈) ခုနှင့် အင်ဒိုနီးရှားက (၈၇)ခုတို့ဖြင့်ထိပ်ဆုံးကရပ်တည်နေကြသည်။
ဗီယက်နမ် အိုလံပစ် ကော်မတီကလည်း ယခုနှစ်ဆီးဂိမ်းစ်တွင်သူ၏သရဖူကိုကာကွယ်ရန်မျှော်မှန်းချက်ချပြီးအပြင်းအထန်ကြိုးစားနေသည်။
အင်ဒိုနီးရှား လူငယ်နှင့် အားကစား ဝန်ကြီး Dito Ariotedjo ကလည်း တနိုင်ငံလုံးရှိ အားကစားသမားများသည် ယခုနှစ် ဆီးဂိမ်းအတွက် ပြင်းထန်သောလေ့ကျင့်မှုများပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။
အခြားသောနိုင်ငံများကလည်း မိမိတို့ နိုင်ချေရှိသည့်အားကစားနည်းများကိုပိုမိုအားထည့်လုပ်ဆောင်နေကြသည်။
