စင်ကာပူနိုင်ငံ၌ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာ ရင်းစစ်ချုပ်ရုံးများအဖွဲ့(ASEANSAI)၏ (၈)ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိကျင်းပရာ ပြည်ထောင်စုစာရင်း စစ်ချုပ်ဒေါက်တာခင်နိုင်ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များအတွက် ASEANSAI ၏ ဘဏ္ဍာရေးရှင်းတမ်းများစစ်ဆေးမည့် စာရင်းစစ်အဖြစ် မြန်မာနိုင် ငံ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအားအတည်ပြုခန့် အပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အတည်ပြုခန့်အပ်ခံခဲ့ရသဖြင့် ပြည်ထောင်စုစာ ရင်းစစ်ချုပ်ဒေါက်တာခင်နိုင်ဦးက မိမိတို့ရုံးအနေဖြင့် ASEANSAI ၏ ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းများကိုစစ်ဆေးခဲ့သည့် အတွေ့အကြုံရှိပြီးဖြစ်၍ နိုင်ငံတ ကာစာရင်းစစ်ချုပ်ရုံးများလိုက်နာရမည့်စံများနှင့်အညီ စစ်ဆေးသွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထိပ်သီးအစည်းအဝေး၌ စင်ကာပူနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ASEANSAI ကော်မတီအသီးသီး၏ ၂၀၂၅ ခုနှစ် နှစ် ပတ်လည် လုပ်ငန်းတိုးတက်မှုအစီရင်ခံစာ၊ ၂၀၂၆- ၂၀၂၉ ခုနှစ် မဟာဗျူဟာစီမံချက်၊ ပြင်ဆင်ထားသော ASEANSAI စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ASEANSAI သင်တန်းပို့ချရေးမူဘောင် ၊ ၂၀၂၅-၂၀၂၇ ခုနှစ်အတွက် ASEANSAI ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌ အတည် ပြုခန့်အပ်ခြင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ကော်မတီ (၃)ရပ်တို့၏ ဥက္ကဋ္ဌများအတည်ပြုခန့်အပ်ခြင်းတို့ကိုပြု လုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ASEANSAI ကော်မတီများနှင့် အတွင်းရေးမှူးချုပ်တို့ ၏ ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်းအကောင်အ ထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များ၊ ၂၀၂၆ -၂၀၂၇ ခုနှစ် ASEANSAI လုပ်ငန်းများအတွက် အဆို ပြုဘတ်ဂျက်များအတည်ပြုခြင်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစီ ရင်ခံစာအပေါ်ဆွေးနွေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
