Friday, December 12, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeInternationalအရွယ်ရောက်ပြီးသူတိုင်း ၂၄ ဒေါ်လာ‌ထောက်ပံ့မည်--အန်ဝါ

အရွယ်ရောက်ပြီးသူတိုင်း ၂၄ ဒေါ်လာ‌ထောက်ပံ့မည်–အန်ဝါ

အရွယ်ရောက်ပြီးသူတိုင်းကို ထောက်ပံ့ကြေးပေးခြင်းနှင့် လောင်စာဆီဈေးနှုန်းများ ချပေးမည်ဟု ကတိပြုခြင်းအပါအဝင် လူနေမှုစရိတ်မြင့်တက်လာမှုနှင့် ပတ်သက်၍ ကြီးထွားလာသော မကျေနပ်ချက်များကို ဖြေရှင်းရန် ကြိုးပမ်းသည့် စီမံချက်အသစ်များကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဗုဒ္ဓဟူးနေ့(ဇူလိုင်လ ၂၃ရက်နေ့) တွင် ကြေညာခဲ့သည်။

မြို့တော်ကွာလာလမ်ပူရ်တွင် စနေနေ့၌ ပြုလုပ်ရန် စီစဉ်ထားသော ဆန္ဒပြပွဲမတိုင်မီ ယခုကြေညာချက်ထွက်လာခြင်းဖြစ်ပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်း၊ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းနှင့် အခြားစိုးရိမ်ပူပန်ခြင်းများကြောင့် အန်ဝါရာထူးမှနုတ်ထွက်ရန်တောင်းဆိုနေကြသည်။

အန်ဝါ၏ အစိုးရအဖွဲ့သည် အနည်းဆုံးလုပ်ခလစာနှုန်းထားကို မြှင့်တင်ခြင်း၊ ဓါတ်အားအမြောက်အများသုံးစွဲသူများကို မီတာခွန်တိုးကောက်ခြင်းနှင့် အချို့သစ်သီးဝလံသွင်းကုန်များနှင့် ဇိမ်ခံပစ္စည်းများအပေါ် အရောင်းခွန်သစ်များချမှတ်ခြင်း အပါအဝင် ယခုနှစ်တွင် ဝင်ငွေနှင့် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ရန် အစီအမံများစွာကို ချမှတ်ဆောင်ရွက်ခဲ့သည်။

ယင်းအစီအမံများသည် စီးပွားရေးလုပ်ငန်းကြီးများနှင့် ချမ်းသာကြွယ်ဝသူများကို အဓိကပစ်မှတ်ထားသည်ဟု အန်ဝါက ပြောကြားသော်လည်း စရိတ်စကများ မြင့်မားလာကာ နောက်ဆုံးတွင် ဝင်ငွေနိမ့်သူနှင့် အလယ်အလတ်ဝင်ငွေရှိသူများအပါအဝင် စားသုံးသူများသာ ဒဏ်ခံရမည်ကို စိုးရိမ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့ကြသည်။

အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီး မလေးရှားနိုင်ငံသားတိုင်းသည် သြဂုတ်လ ၃၁ ရက်နေ့မှစ၍ ထုတ်ပေးမည့် တစ်ကြိမ်တည်းသော ထောက်ပံ့ကြေး ရင်းဂစ် ၁၀၀( ၂၄ ဒေါ်လာ) ကို ရရှိမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် အန်ဝါက ပြောကြားခဲ့သည်။

အစိုးရသည် ယခုနှစ်အတွက် မူလက ခွဲဝေချထားပေးသည့် ရင်းဂစ် ၁၃ ဘီလျံမှ ၂၀၂၅ ခုနှစ်တွင် စုစုပေါင်း ရင်းဂစ် ၁၅ ဘီလျံ သုံးစွဲသွားမည်ဟု ၎င်းက ပြောကြားသည်။

အတိုက်အခံပါတီများက စီစဉ်သော စနေနေ့ဆန္ဒပြပွဲသို့ လူဦးရေ ၁၀,၀၀၀ နှင့် ၁၅,၀၀၀ အကြား တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“စောဒကတက်တာတွေကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်၊ အမျိုးမျိုးသော အစီအမံတွေကို ကြေညာခဲ့ပေမယ့် လူနေမှုစရိတ်ဟာ ဖြေရှင်းရမယ့် စိန်ခေါ်မှုအဖြစ်ဆက်ရှိနေသေးတာကို လက်ခံပါတယ်” ဟု အန်ဝါက ပြောခဲ့သည်။

Ref: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071