“အမှားတွေကို ပြင်ပြီး ပြန်လာခဲ့”ဟု မွေထိုင်းအကျော်အမော် စူပါလက်က ရိုးရာဖိုက်တာသန့်ဇင်ကို သူ၏ လူမှုကွန် ရက်စာမျက်နှာကနေတဆင့် အားပေးစကားရေးသားကာ ပြောဆိုထားသည်။
စူပါလက်က “တောင်းပန်စရာဘာမှမလိုဘူး။ မင်းအကောင်းဆုံးလုပ်ခဲ့တာပဲ။ မင်းအမှားတွေကို ပြင်ပြီးပြန်လာခဲ့”ဟု ဆိုထားသည်။
ယမန်နေ့ ဩဂုတ်လ (၁၅)ရက် ညပိုင်းက ကျင်းပသည့် ONE -120 ပွဲစဉ်တွင်ရိုးရာ ဖိုက်တာသန့်ဇင်ကို မွေထိုင်းဖိုက်တာ ဂင်ဆန်လတ်က ပထမအချီ စက္ကန့်ပိုင်း အချိန်၌င်ပင် အလဲထိုးပြခဲ့သည်။
အရှုံးပွဲစဉ်အတွက် အားလုံးကို တောင်းပန်ကြောင်းနှင့် ဆဲလိုသူတွေ ဆဲလို့ရပြီဟု သန့်ဇင်ဘက်ကလည်း ရေးသားမျှဝေထားသည်ကို တွေ့ရသည်။
ယမန်နေ့ပွဲစဉ်တွင် ဒုခေါင်းတွဲဆိုင်းအနေဖြင့် ပါဝင်ထိုးသ-တ်ခဲ့သည့် ရိုးရာဖိုက်တာသန့်ဇင်အား မွေထိုင်းအကျော် အမော်စူပါလက် ကိုယ်တိုင်ကြီးကြပ်သူအဖြစ် လုပ်ဆောင်ပေးခဲ့သလို၊ ပွဲမစမီအချိန်တွင်လည်း စူပါလက်ထံတွင် လေ့ကျင့်ခဲ့သည်။
ရှုံးပွဲနှင့် ပတ်သက်၍ ရိုးရာဖိုက်တာ သန့်ဇင်အပေါ် မြန်မာပရိတ်သတ်များက ဝေဖန်ပြောဆိုနေမှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။
