Friday, July 4, 2025

ရန်ကုန်တိုင်းအတွင်းရှိ ရေလှောင်တမံများ ရေသိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ချောင်းများအတွင်း...

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း မိုးရေချိန် ၂ လက်မဝန်းကျင်ရွာသွန်းခဲ့သော်လည်း သက်ဆိုင်ရာရေလှောင်တမံများက သိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ငမိုးရိပ်ချောင်းအတွင်း ရေအတက်လွန်ခြင်းမျိုးမရှိကြောင်း တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနက ယနေ့ ဇူလိုင်၄ ရက်တွင်...

AFF Shopee Cup ခြေစစ်ပွဲ...

AFF Shopee Cup ဝင်ရောက်ခွင့်အတွက် ခြေစစ်ပွဲကို ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း...

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို...

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ယနေ့ ဇူလိုင် ၄ ရက်၌ မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။ မိုး/ဇလ၏ အသိပေးချက်အရ ပဲခူးမြစ်ရေသည်...
HomeNewsLocal Newsအမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာဝန်ဆောင်မှု အခကြေးငွေများသတ်မှတ်

အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာဝန်ဆောင်မှု အခကြေးငွေများသတ်မှတ်

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ (၈) ပုဒ်မခွဲ (ည) အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဝန်ဆောင်မှုအမျိုးအစားအလိုက် ပေးသွင်းရမည့်အခကြေးငွေများအား ဧပြီလ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားမှုအားလက်ခံစစ်ဆေးခြင်း(TM-1) ၁၅၀၀၀၀ ကျပ်၊

သတ်မှတ်ထားသည့်စည်းမျဉ်းများ ပျက်ကွက်ခဲ့မှုကြောင့် အမှတ်တံဆိပ်မှတ်ပုံတင် ပြန်လည်လျှောက်ထားခြင်းခွင့်ပြုရန် တောင်းဆိုမှုအားလက်ခံစစ်ဆေးခြင်း(TM-3) ၁၀၀၀၀၀ ကျပ်၊

အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားချက်တွင် စာအရေးအသားအမှားနှင့် အခြားမှားယွင်းမှုများကို ပြင်ဆင်ပေးရန်တောင်းဆိုမှုအား စိစစ်ပြင်ဆင်ခြင်း(TM-4) ၅၀၀၀၀ ကျပ်၊

အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားချက်ပါ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းကို ကန့်သတ်ပေးရန်တောင်းဆိုမှုအား စိစစ်ကန့်သတ်ခြင်း(TM-6) ၅၀၀၀၀ ကျပ်၊

အမှတ်တံဆိပ်မှတ်ပုံတင်လျှောက် ထားခြင်းကို ခွဲခြားပေးရန်တောင်းဆိုမှုအား စိစစ်ခွဲခြားပေးခြင်း (TM-7) ၁၀၀၀၀၀ ကျပ်၊

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ကန့်ကွက်လွှာလျှောက်ထားမှုအား စစ်ဆေးခြင်း(TM-8)၊

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းအား မှတ်တမ်းတင်ခြင်း ၁၅၀၀၀၀ ၊

အမှတ်တံဆိပ်မှတ်ပုံတင်လက်မှတ် မိတ္တူမှန်ထုတ်ပေးရန် တောင်းဆိုမှုအားစိစစ်ခွင့်ပြုခြင်း(TM-9) ၅၀၀၀၀ ကျပ်၊

အမှတ်တံဆိပ်မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားသည့် ပြင်ဆင်ခွင့်ပြုနိုင်သည့် အချက်အလက်များကို ပြင်ဆင်ပေးရန်တောင်းဆိုမှုအား စိစစ်ပြင်ဆင်ခြင်း(TM-10) ၅၀၀၀၀ ကျပ်၊

အမှတ်တံဆိပ်မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားမှုအား စိစစ်မှတ်တမ်းတင်ခြင်း(TM-11) ၃၀၀၀၀၀ ကျပ်၊

အမှတ်တံဆိပ်အခွင့်အရေးများ လွှဲပြောင်းခြင်းကို မှတ်တမ်းတင်ပေးရန်လျှောက်ထားမှုအား စိစစ်မှတ်တမ်းတင်ခြင်း (TM-12) ၁၀၀၀၀၀ ကျပ်၊

မှတ်ပုံတင်ထားသောအမှတ်တံဆိပ်ကို ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ပေးခြင်းကို မှတ်တမ်းတင်ပေးရန် လျှောက်ထားမှုအား စိစစ်မှတ်တမ်းတင်ခြင်း (TM-13 ) ၁၀၀၀၀၀ ကျပ်၊

မှတ်ပုံတင်အမှတ်တံဆိပ်ကို တရားမဝင်ကြောင်းကြေညာပေးရန် တောင်းဆိုမှုအားစစ်ဆေးခြင်း(TM-15) ၁၅၀၀၀၀ ကျပ်၊

မှတ်ပုံတင်အမှတ်တံဆိပ်ကို ပယ်ဖျက်ပေးရန်တောင်းဆိုမှုအား စစ်ဆေးခြင်း(TM-16) ၁၀၀၀၀၀ ကျပ်၊

ကိုယ်စားလှယ်အမည် ပြောင်းလဲပြင်ဆင်ပေးရန် တောင်းဆိုမှုအားစိစစ်ပြင်ဆင်ခြင်း (TM-17) ၂၀၀၀၀ ကျပ်၊

သတ်မှတ်ထားသည့်အချိန်ကာလကို တိုးမြှင့်ပေးရန် တောင်းဆိုမှုအားစိစစ်ခွင့်ပြုခြင်း(TM-18) ၅၀၀၀၀ ကျပ်၊

အယူခံလျှောက်ထားမှုအားစစ်ဆေးခြင်း(TM-19) ၅၀၀၀၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။

အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှုအမျိုးအစားများအတွက် အခကြေးငွေများကို အခါအားလျော်စွာ စိစစ်၍ ပြင်ဆင်သတ်မှတ်ထုတ်ပြန်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအတွင်းရှိ ရေလှောင်တမံများ ရေသိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ချောင်းများအတွင်း ရေအတက် လွန်ခြင်းမျိုးမရှိ ဟုဆို

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း မိုးရေချိန် ၂ လက်မဝန်းကျင်ရွာသွန်းခဲ့သော်လည်း သက်ဆိုင်ရာရေလှောင်တမံများက သိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ငမိုးရိပ်ချောင်းအတွင်း ရေအတက်လွန်ခြင်းမျိုးမရှိကြောင်း တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနက ယနေ့ ဇူလိုင်၄ ရက်တွင် အသိပေးထားသည်။ ယနေ့တွင် ငမိုးရိပ်ရေလှောင်တမံနှင့် သက်ဆိုင်ရာချောင်းများ၏‌ ရေဝင်‌ရောက်မှုအခြေနေကိုစစ်ဆေးခဲ့ကြရာ၊ငမိုးရိပ်ချောင်း (လှည်းကူးတံတား)၊ ငမိုးရိပ်ချောင်း (ကြို့ကုန်းတံတား)၊ ငမိုးရိပ်ချောင်း (ဖောင်ကြီးတံတား)၊ ငမိုးရိပ်ချောင်းအတွင်း စီးဝင်သည့် ဝါဒရယ်ချောင်း(မင်းကုန်း)နှင့် ငမိုးရိပ်ချောင်းအတွင်းစီးဝင်သည့် ကလီထော်ချောင်း(အမြန်လမ်းတံတား)တို့၏ ရေဝင်ရောက်မှုမှာ ပုံမှန်ခန့်သာရှိနေကြောင်း ဆိုသည်။ လက်ရှိ လှည်းကူးမြို့နယ်အတွင်း ရေလှောင်တမံ (၅)ခု ၏ မိုးရေဝင်ရောက်မှု အခြေ ဖော်ပြချက်အရ ငမိုးရိပ်ရေလှောင်တမံတွင် ၂.၀၅...

AFF Shopee Cup ခြေစစ်ပွဲ ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ ယှဉ်ပြိုင်ကစားရမည်

AFF Shopee Cup ဝင်ရောက်ခွင့်အတွက် ခြေစစ်ပွဲကို ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း အသင်းက အသိပေးထားသည်။ အဆိုပါ ခြေစစ်ပွဲနှစ်ပွဲအနက် တစ်ပွဲမှာ လာအိုနိုင်ငံတွင်တစ်ကျော့၊ မြန်မာနိုင်ငံတွင် တစ်ကျော့ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သော်လည်း ခြေစစ်ပွဲ ကစားရမည့် ရက်များကိုတော့ ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၄ ရက်က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် AFF Shopee Cup Official Draw 2025/26 အခမ်းအနားကို ရှမ်းယူနိုက်တက်အသင်း...

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို ကျွန်တော်တို့ ပြောခဲ့ကြပြီး ယူကရိန်းစစ်ပွဲအကြောင်းလည်း ပြောခဲ့တယ်။ အဲဒီ (အခြေအနေ) ကို ကျွန်တော် ဘဝင်မကျပါဘူး” ဟု ထရမ့်က ဝါရှင်တန်အနီးရှိ Joint Base Andrews တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ပဋိပက္ခဖြေရှင်းရေးကို ရည်ညွှန်း၍ "ကျွန်တော် ဘာတိုးတက်မှုမှ မရခဲ့ဘူး" ဟုလည်း သူက အလေးပေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071