၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအမှတ်နှင့် ပတ်သက်၍ စနစ် ချို့ယွင်းမှုရှိသောကြောင့် အမှတ်စာရင်းစာရွက်ကို ပြန်လည်ထုတ်ယူရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးထားသည်။
အမှတ်စာရင်း ထုတ်ပေးသည့်စနစ် ချို့ယွင်းမှုကြောင့် နေပြည်တော်စာစစ်ဌာနများ၏ အမှတ်စာရင်း အချို့မှာ မှားယွင်းပါရှိသွားသဖြင့် ဇူလိုင် (၃၀) ရက် မွန်းလွဲ (၂)နာရီမတိုင်မီထုတ်ယူခဲ့သည့် အမှတ်စာရင်းစာရွက်ကို ယူဆောင်လာပြီး အမှတ်စာရင်းအမှန် ပြန်လည်ထုတ်ယူနိုင်ကြောင်း အသိပေးထားသည်။
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဇူလိုင်လ (၂၇)ရက်က ထုတ်ပြန်ခဲ့ပြီး အမှတ်စာရင်းကို ဇူလိုင်လ (၃၀)ရက်တွင် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမှတ်စာရင်းထုတ်ပေးရာတွင် စာမေးပွဲအောင်စာရင်း၌ ပါဝင်ပြီး အောင်မြင်ခဲ့သူ အချို့သည် အမှတ်စာရင်းထုတ်ယူကြည့်ရှုရာ ဘာသာအချို့တွင် ကျရှုံးနေကြောင်း သိရသည်။
ထို့ပြင် အောင်စာရင်း၌ ဂုဏ်ထူးမပါသူအချို့ကလည်း အမှတ်စာရင်းထုတ်ယူချိန်တွင် ဂုဏ်ထူးအမှတ်ရရှိနေခြင်းကို တွေ့ရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအနေဖြင့် ၄၈.၀၆ ရာခိုင်နှိုင်း အောင်မြင်ကြောင်းပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
