ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ (၂၁) မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှုကြောင့် မြန်မာနိုင်ငံသားအလုပ်သမား (၄) ဦး နိုဝင်ဘာ (၂၄)ရက်က ထိခိုက်ေ-သဆုံးခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်တွင် ကွယ်လွန်ခဲ့သူ မြန်မာနိုင်ငံသား အလုပ်သမားများကို မြန်မာသံရုံးမှ နစ်နာကြေးရအောင် ဆောင်ရွက်ပေးနိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ အစီအစဉ်ဖြင့် ထိုင်းဘက် သက်ဆိုင်ရာ ကုမ္ပဏီ၊ မြန်မာအလုပ်သမားသံအရာရှိ မြန်မာသံရုံး မိတ်ဆွေအဖွဲ့များအကြား ညှိနှိုင်းမှုပြုခဲ့ကြသည်။
ယနေ့ မေလ (၃၀)ရက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ ထိုင်း UDONSAK CHIANGM AI Co., Ltd ဘက်မှ လူသားချင်းစာနာထောက်ထားမှုအရ ေ-သဆုံးနစ်နာမှု စေတနာကြေးငွေ တစ်ဦးလျင် ထိုင်းဘတ် ငွေ (၁) သန်းစီဖြင့် စုစုပေါင်းထိုင်းဘတ်ငွေ (၄) သန်းကို မြန်မာသံရုံး၊ တာဝန်ရှိသူ များ၏ ရှေ့မှောက်တွင် ထိုင်း UDONSAK CHIANGM AI Co.,Ltd တာဝန်ရှိသူများမှ ေ-သဆုံးသူအလုပ်သမားများ ၏ မိသားစုဝင် (၄) ဦးထံသို့ လက်ရောက် ပေးအပ်ခဲ့သည်ဟု သိရသည်။