ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က အိမ်စီးကားက Town Ace ကားနောက်ပိုင်းကိုဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ကားမောင်းသူအပါအဝင် အမျိုးသား၊ အမျိုးသမီး(၁၃)ဦးလိုက်ပါလာသောTown Ace ကားသည် ညာဘက်ယာဉ်ကြောအတိုင်းမောင်းနှင်လာစဥ် မိုင်တိုင် အမှတ် ၁၄၂/၁ နှင့် ၁၄၂/၂ ကြားအရောက် နောက်မှလိုက်လာသော အိမ်စီးကားကအရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့ကြောင်း သိရသည်။
ထိုသို့ တို-က်မိမှုကြောင့် Town Ace ကားမှာလမ်းညာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ကာ အိမ်စီးကားသည် လက်ဘယ်ဘက်ယာဥ်ကြောပေါ်သို့ ရောက်ရှိရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် Town Ace ကားပေါ်တွင်လိုက်ပါလာသူ(၁)ဦးမှာ အခင်းဖြစ်နေရာ၌ေ-သဆုံးသွားခဲ့ပြီး ကျန်အမျိုးသား၊ အမျိုးသမီး(၁၃)ဦးတွင်လည်း ထိခို-က်ဒ-ဏ်ရာများရရှိခဲ့သဖြင့် တာဝန်ရှိသူများက တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။