ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့ ဇွန် ၁၅ ရက်နံနက် ၅ နာရီခန့်က ကုန်တင်ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၉၇/၀ နှင့် ၁၉၇/၁ ကြားတွင် ရှေ့မှကုန်တင်ကားအား နောက်မှလိုက်ပါလာသည့် ကုန်တင်ကားမှဝင်တို-က်မိခဲ့ပြီး ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ ည-ပ်နေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပြီးဖြစ်စဥ်ကြောင့် ေ-သဆုံးသူတစ်ဦးနှင့် ထိခို-က်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိသူတစ်ဦးတို့အား နေပြည်တော်ကုတင်(၁,၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။