မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည ၆ နာရီခွဲခန့်က ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၃၀ လီတာစီပါ ပလတ်စတစ်ပုံး(၈၅ဝ)ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ယင်း ဓာတုပစ္စည်းများကို သိမ်းဆည်းရန် အခကြေးငွေပေး၍စေခိုင်းသူ ဇော်လင်းဦးအား ဇွန် ၁၀ ရက်၊ ဓာတုပစ္စည်းများအား ရန်ကုန်မြို့မှပျော်ဘွယ်မြို့သို့ တာဝန်ခံသယ်ဆောင်သူကျော်မြင့်ဦး(ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဇွန် ၁၂ ရက်၊ ဓာတုပစ္စည်းများအား တရားမဝင်တင်ပို့ပေးသူအောင်အောင်ဦး(ခ)ကိုခန့်နှင့် ဓာတုပစ္စည်းများအား တရားမဝင်ရောင်းချခဲ့သူ နေအောင်လှိုင်သိန်း (ခ)နေအောင်တို့အား ဇွန် ၁၄ ရက်တို့တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ဓာတုပစ္စည်းများအား မူးယစ်ဆေး ဝါးနှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုရန်ရည်ရွယ်၍ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းကိုလည်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ၎င်းတို့အား ဥပဒေအရဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။