Home News Local News အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး၌ အမြဲတမ်းကော်မတီ (၄)ခု ဖွဲ့စည်း

အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး၌ အမြဲတမ်းကော်မတီ (၄)ခု ဖွဲ့စည်း

0
133

ယနေ့ မတ်လ (၂၄) ရက်တွင် ကျင်းပသည့် ‎တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် အမြဲတမ်းကော်မတီလေးခု ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယင်း အမြဲတမ်းကော်မတီ လေးခုသည် ဥပဒေကြမ်းကော် မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ ဖြစ်သည်။

‎ဥပဒေကြမ်း ကော်မတီတွင်မူ ဥက္ကဋ္ဌ အဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားလွှတ်တော်ကို ယ်စားလှယ်  ဒေါ်နွယ်နွယ်ဦး၊ အတွင်းရေးမှူးအဖြစ် ပဲခူးတို င်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) မှအမျိုးသားလွှတ်တော်  ကိုယ်စားလှယ် ဦးဇင်မင်းထက်တို့ အပါအဝင် အဖွဲ့ဝင်(၁၅) ဦးဖြင့် ဆောင်ရွက်မည် ဖြစ်သည်။

ပြည်သူ့ငွေစာရင်း ကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးချစ်ဆွေ၊ အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးသန်းအောင် အပါအဝင်အဖွဲ့ဝင် (၁၅)ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှ တ်(၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phan g နော်တောင်၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးအောင်တင်မြင့် အပါအဝင် အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲစည်းမည် ဖြစ်သည်။

ထို့ပြင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ပဲခူတိုင်း ဒေသကြီး မဲဆန္ဒနယ်  အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်  ဦးလှသိန်း ၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၉) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဦး အပါအဝင် အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲစည်းမည် ဖြစ်သည်ဟု သိရသည်။

ထို့အတူ ပြည်သူ့လွှတ်တော်တွင်လည်း ယနေ့၌ပင် လွှတ် တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌများ အဖြစ် ဦးမောင်မောင်အုန်းနှင့် ဦးသန်းထွန်းဦးတို့ကို ခန့်အပ်ခဲ့သည်ဟု သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here