အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ကို ဦးအောင်လင်းဒွေးနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ကိုခန့် အပ်လိုက်ကြောင်း သိရသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအမိန့်အမှတ်၊ ၂ /၂၀၂၅ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတ(တာဝန်)က ယနေ့ ဇူလိုင် ၃၁ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ တွဲဖက်အမှုဆောင်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ကို ခန့်အပ်တာဝန်ပေးလိုက်သည်ဟု ဖော်ပြထားသည်။
