Friday, June 6, 2025

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇...

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက...

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ်...

ILO ဆုံးဖြတ်ချက်နှင့် ပက်သက်၍ နိုင်ငံတကာအသိုက်အဝန်းနှင့်...

ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် (ILO)၏ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း ယမန်နေ့ ( ဂျွန် ၅)က မြန်မာနိုင်ငံနှင့်...
HomeInternationalအမျိုးသမီး ဝန်ထမ်းများ ထုတ်ပယ်ရမည်ဟူသောအချက်ကိုဆွေးနွေးရန်...

အမျိုးသမီး ဝန်ထမ်းများ ထုတ်ပယ်ရမည်ဟူသောအချက်ကိုဆွေးနွေးရန် ကုလအရာရှိများနှင့်အင်န်ဂျီအိုခေါင်းဆောင်များတွေ့ဆုံမည်

ကဘူးလ်၊ဒီဇင်ဘာ ၂၅

အမျိုးသမီးဝန်ထမ်းများ မထားရှိရဟူသောအမိန့်ကြောင့် ကုလထိပ်တန်းအရာရှိများနှင့် အာဖဂန်အတွင်းလုပ်ငန်းလည်ပတ် ဆောင်ရွက်နေသည့် အင်န်ဂျီအိုများမှခေါင်းဆောင်များသည် ကဘူးလ်မြို့၌ တနင်္ဂနွေနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

တာလီဘန်များက ထုတ်ပြန်သောအမိန့်သည် သန်းနှင့်ချီသောအကူအညီများကို မှီခိုနေရသောနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများအပေါ် သက်ရောက်မှုရှိကြောင်း အစိုးရများနှင့်အဖွဲ့အစည်းများက သတိပေးမှုများပြုလုပ်ခဲ့ပြီး နိုင်ငံတကာ၏ပြစ်တင်ရှုံ့ချမှုများလည်းဖြစ်ပေါ်စေခဲ့သည်။

ယခုအမိန့်သည် အာဖဂန်အမျိုးသမီးများအား တက္ကသိုလ်တက်ရောက်ခွင့်ပိတ်ပင်လိုက်ပြီး မကြာမီပင်ထွက်ပေါ်လာခြင်းဖြစ်သည်။ယခုအမိန့်အားမလိုက်နာပါက လုပ်ငန်းလိုင်စင်သိမ်းမည်ဟုလည်း စီးပွားရေးဝန်ကြီးဌာနကခြိမ်းခြောက်ခဲ့သေးသည်။

အင်န်ဂျီအိုများအား လုပ်ငန်းလိုင်စင်ထုတ်ပေးထားသော အဆိုပါဝန်ကြီးဌာနသည် ၎င်းတို့အနေဖြင့် အင်န်ဂျီအိုလုပ်ငန်းမှဝန်ထမ်းအမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုသည် အစ္စလာမ်ယဉ်ကျေးမှုနှင့်မကိုက်ညီကြောင်း တိုင်ကြားချက်အမြောက်အမြားလက်ခံရရှိထားသည်ဟုလည်းပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့သည်လည်း ယခုပြဿနာအားမည်သို့ဖြေရှင်းမည်ကိုဆွေးနွေးရန်အစည်းအဝေးတစ်ခုပြုလုပ်ဖို့ဆုံးဖြတ်ခဲ့သည်။အဆိုပါအစည်းအဝေး၌ တာလီဘန်များ၏အမိန့်အတိုင်း အထောက်အကူလုပ်ငန်းအားလုံးကိုရပ်မရပ်နှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အဆိုပါပိတ်ပင်မှုသည် သန်းနှင့်ချီသောလူပေါင်းများစွာအတွက် အရေးကြီးသောအသက်ကယ်အကူအညီများကို နှောက်ယှက်နိုင်မည်ဖြစ်သောကြောင့် အာဖဂန်များအတွက် “ဆိုးဆိုးရွားရွား” ဖြစ်လိမ့်မည်ဟုလည်းပြောကြားခဲ့သည်။

Source : AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၆၇၉)ကျပ်၊ ၉၅ တစ်လီတာ (၂,၇၂၇) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ (၂,၂၂၇) ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ (၂,၇၈၂) ကျပ်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်တစ်ပါတ်တွင် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၈၅၅)ကျပ်၊ ၉၅ တစ်လီတာ (၂,၉၁၀) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ မြို့တော်ရဲ့ တောင်ဘက်အစွန်ရပ်ကွက်တွေကို တို-က်လေယာဉ်တွေနဲ့ ဒရုန်းတွေက တို-က်ခို-က်ခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန် LBCI ရုပ်သံဌာနကတော့ အစ္စရေးဟာတို-က်ရို-က်ပ-စ်ခ-တ်မှု ၆ ကြိမ်နဲ့ သတိပေးပစ်ခတ်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့ ပစ်ခတ်မှုတစ်ခုကတော့ ပေါ-က်ကွဲမှုမဖြစ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီနေ့အစောပိုင်းမှာ IDF က သူတို့ရဲ့တို-က်ခို-က်မှုတွေဟာ ဘေရွတ်တောင်ပိုင်းဆင်ခြေဖုံး Dahieh မှာရှိတဲ့ ဟစ်ဇဘိုလာ လေကြောင်းယူနစ်...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက ကြေညာ

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ် ဒီဘီက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ “အပြန်အလှန်ဆက်ဆံရေး နိယာမတွေနဲ့အညီ” အမေရိကန်နိုင်ငံသားတွေကို ဗီဇာဆိုင်းငံ့ဖို့ သူ့အစိုးရကို ညွှန်ကြားထားကြောင်း ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုမှာ ချဒ်သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။ "ချဒ်မှာ ပေးစရာလေယာဉ်တွေ မရှိဘူး၊ ပေးစရာဒေါ်လာဘီလီယံချီ မရှိဘူး၊ ဒါပေမဲ့ ချဒ်မှာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ဂုဏ်ယူမှုတွေ ရှိပါတယ်"လို့ ချဒ်သမ္မတဒီဘီက ပြောကြားခဲ့ပြီး၊ အဲဒီလိုပြောကြားမှုဟာ ကာတာနိုင်ငံ အုပ်ချုပ်သူမိသားစုက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071