အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံအများစုမှ နိုင်ငံသားများနှင့် အီရန်နိုင်ငံသားများကို အမေရိကပြည်ဝင်ခွင့် ပိ-တ်ပင်ခဲ့ခြင်းကို အီရန်အစိုးရက စနေနေ့(ဇွန်လ ၇ ရက်နေ့) တွင် ရှု-တ်ချလိုက်ပြီး ဝါရှင်တန်၏ အဆိုပါ ဆုံးဖြတ်ချက်သည် လူမျိုးရေးခွဲခြားသည့် သဘောထားလက္ခဏာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကော်လိုရာဒိုပြည်နယ်တွင် အစ္စရေးထောက်ခံသည့် လူထုစုဝေးပွဲတစ်ခုကို မီးလေ-ာင်ဗုံးဖြင့် တို-က်ခို-က်ခံခဲ့ရပြီးနောက် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ လိုအပ်ချက်အရဆိုသော ၎င်း၏ ပထမသက်တမ်းအတွင်းက ခရီးသွားလာခွင့် ပိ-တ်ပင်ချက်ကို ပြန်လည်အသက်သွင်းသည့် သမ္မတအမိန့်ကို ဗုဒ္ဓဟူးနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်။
ဇွန်လ ၉ ရက် နေ့တွင် အသက်ဝင်မည့် အဆိုပါစီမံချက်သည် အမေရိကန်မူဝါဒချမှတ်သူများအတွင်း အစွန်းရောက်ဝါဒနှင့် လူမျိုးရေးခွဲခြားသည့် စိတ်သဘောများလွှမ်းမိုးနေသည့် လက္ခဏာဖြစ်သည်မှာ အထင်းသား ပေါ်လွင်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ပရောက်အီရန်နိုင်ငံသားများရေးရာဌာန ညွှန်ကြားရေးမှူးချုပ် အလီရီဇာ ဟာရှီမီရာဂျာက မှတ်ချက်ပြုခဲ့သည်။
ထို့အပြင် ထိုဆုံးဖြတ်ချက်သည် အီရန်နှင့် မွတ်ဆလင်လူထုအပေါ် အမေရိကန်အဆုံးအဖြတ်ပေးသူများ၏ ပြင်းထန်သော ရန်လိုမှုကို ပြသနေသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ၎င်းက ပြောကြားခဲ့သည်။
အီရန်အပြင် အမေရိကန်ပြည်ဝင်ခွင့် ပိ-တ်ပင်လိုက်သော နိုင်ငံသားများတွင် အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂို-ဘရဇ်ဇာဗေး၊ အီကွေတိုရီရယ် ဂီနီ၊ အီရစ်ထရီးယား၊ ဟေတီ၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံများလည်း ပါဝင်သည်။ ထို့အပြင် လာအိုအပါအဝင် အခြား ၇ နိုင်ငံမှ ခရီးသွားများကိုလည်း တစ်စိတ်တစ်ပိုင်း ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်။
Ref: စီအင်န်အေ