Friday, June 20, 2025

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်...

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား...

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့်...

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့...

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ...

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့...
HomeInternationalအမေရိကအခွန်အရေး အာဆီယံညီညွတ်မှုကိုထိုင်းဝန်ကြီးချုပ် ထောက်ခံ

အမေရိကအခွန်အရေး အာဆီယံညီညွတ်မှုကိုထိုင်းဝန်ကြီးချုပ် ထောက်ခံ

ဧပြီ ၁၇

ဒေသတွင်းနိုင်ငံများမှ သွင်းကုန်များအပေါ် အပြန်အလှန်အကောက်ခွန်ကောက်ခံမှုနှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရာတွင် အာဆီယံ၏ စုပေါင်းချဉ်းကပ်မှု နည်းလမ်းကို ထိုင်းနိုင်ငံက ထောက်ခံရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ကြာသပတေးနေ့က အစိုးရအိမ်တော်မှာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့်တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မစ္စတာ အန်ဝါသည် မစ္စ ပေထုန်တန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နှစ်ရက်ကြာ အလုပ်သဘော ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။

မစ္စ ပေထုန်တန် သည် ဒီဇင်ဘာလ ၁၆ ရက်‌ေန့က မလေးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ခေါင်းဆောင်နှစ်ဦး ပထမဆုံး အဆက်အသွယ်ရပြီးတဖန် ဧပြီလ ၅ ရက်‌ေန့တွင် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်။

မစ္စ ပေထုန်တန် က အမေရိက၏ အခွန်စည်းကြပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံအဖွဲ့များ မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည်ကို ဆွေးနွေးခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စုစုပေါင်း လူဦးရေ သန်း ၆၇၀ ခန့်သည် ကြီးမားသော စျေးကွက် ဖြစ်လာပြီး ထည့်သွင်းတွက်ချက်ရမည့် အင်အားစုဖြစ်ကြောင်း ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ဒီကိစ္စကို လာမယ့်အာဆီယံအစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားအတွက် အာဆီယံအဖွဲ့ ပေါင်းစည်းရေးဆိုတဲ့ အယူအဆကို ထိုင်းနိုင်ငံက ပံ့ပိုးကူညီဖို့ အဆင်သင့်ရှိပါတယ်” သူက ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး ပိချိုင်း ခွန်ဟဝါဇီရာ ဦးဆောင်ကာ လာမည့် ဗုဒ္ဓဟူးနေ့တွင် ဝါရှင်တန်သို့ ဆွေးနွေးရန်အတွက် ထိုင်းကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်း မစ္စ ပေတုန်ထန် က ပြောကြားခဲ့သည်။

စေ့စပ်ဆွေးနွေးရန် နိုင်ငံများက တန်းစီ စောင့်ဆိုင်းနေကြချိန်တွင် ထိုင်းနိုင်ငံအပေါ် ၃၆ ရာခိုင်နှုန်း စည်းကြပ်မှု အပါအဝင် အပြန်အလှန်အခွန်စည်းကြပ်မှုအားလုံးကို ဆိုင်းငံ့ထားရန် ဧပြီလ ၉ ရက်နေ့တွင် သမ္မတ ဒေါ်လ်နယ် ထရမ့် က ကြေညာခဲ့သည်။ သို့သော်၊ ကုန်ပစ္စည်းအားလုံးအပေါ် ၁၀% အခြေခံအကောက်ခွန်သည် အမေရိကန် ကုန်သွယ်ဖက်နိုင်ငံ အားလုံးနီးပါးအတွက် အကျုံးဝင်ဆဲ ဖြစ်သည်။

“ဆွေးနွေးပွဲအတွင်း အမေရိကကို တင်ပြဖို့ သင့်လျော်တဲ့ အဆိုပြုချက် အစုံအလင်ရှိပါတယ်။ ဒါဟာ နှစ်ဖက်စလုံးအတွက် အောင်ပွဲခံတဲ့ အခြေအနေဖြစ်မှာပါ” ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထိုင်းနှင့် အမေရိကတို့၏ ကုန်သွယ်မှုပိုငွေမှာ ယမန်နှစ်က ဒေါ်လာ ၄၅.၆ ဘီလျံရှိပြီး၊ အမေရိက၏ ကုန်သွယ်ဖက်နိုင်ငံအားလုံးတွင် ၁၁ ခုမြောက် အကြီးဆုံးဖြစ်သည်။

မစ္စ ပေတုန်ထန် က မစ္စတာ အန်ဝါနှင့် ဆွေးနွေးရာတွင် အခြားသော အကြောင်းအရာများအဖြစ် မလေးရှားနိုင်ငံ နာရာသီဝတ် ပြည်နယ်နှင့် ခေလန်တန် ပြည်နယ်ကြား သဘာဝ နယ်နိမိတ်မျဉ်းအဖြစ် ဆောင်ရွက်သည့် ဂလော့ မြစ်ကူး တံတားအသစ် တည်ဆောက်မည့် စီမံကိန်းလည်း ပါဝင်သည်။

ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၇ခုနှစ် တွင်ပြီးစီးရန်မျှော်လင့်ထားကြောင်းသူက‌ေပြာသည်။

ဝန်ကြီးချုပ်က မလေးရှားနိုင်ငံရှိ ကဒါ ရာဘာစက်မှုမြို့တော် နှင့် ထိုင်းနိုင်ငံ ဆုံခလာ ရော်ဘာစီးတီးတို့ကြား နှစ်ဖက်စလုံးမှ လယ်သမားများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် ထပ်မံတောင်းဆိုခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ပြည်နယ် ၃ ခုတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေရှင်းရန်အတွက် လုပ်ဆောင်မည့် ငြိမ်းချမ်းရေး ညှိနှိုင်းရေးအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သူက ပြောကြားခဲ့သည်။

အစိုးရသည် ထိုအဖွဲ့ကို ပိုမိုပံ့ပိုးကူညီရန် အဆင်သင့်ရှိကြောင်းသူကပြောကြားခဲ့သည်။ မလေးရှားသည် ထိုင်းနှင့် အဓိကခွဲထွက်ရေးအုပ်စုဖြစ်သည့် အမျိုးသားတော်လှန်ရေးအဖွဲ့ (BRN) တို့ကြား ဆွေးနွေးပွဲအတွက် မလေးရှားက တာဝန်ယူကြားခံအဖြစ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မစ္စ ပေတုန်ထန် ၏ညီမ ပင်တုံးထန် ပိုင်ဆိုင်သော ရို့စ်ဝု(ဒ်) ဘန်ကောက်ဟိုတယ် တွင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက မစ္စတာ အန်ဝါကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

သက်ဆင်သည် မစ္စတာအန်ဝါ၏ အာဆီယံရေးရာ အလွတ်သဘော အကြံပေးတစ်ဦးဖြစ်သည်။ မလေးရှားသည် ယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူထားသည်။

၎င်းတို့၏ ညစာစားပွဲတွင် မြန်မာနိုင်ငံမှ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုလည်းပါဝင်တက်ရောက်ရန်ဖိတ်ခေါ်ခဲ့သည်။

၎င်းတို့ သုံးဦးသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် လမ်းခင်းရန် အာဆီယံက သဘောတူညီထားသည့် “အချက်ငါးချက် သဘောတူညီမှု” ကို ပြန်လည်အသက်သွင်းရေးကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

Ref:ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများနှင့် မိမိတို့ကိုယ်ပိုင်လုပ်ငန်းများ၊ လုပ်ငန်းခွဲများ၌ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်အပ်လိုသူများအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ကော်မတီက လျှောက်လွှာများကို သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်ပြီး ညီညွတ်မှုရှိသည့် လျှောက်လွှာများကို သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ဗဟိုကော်မတီ၏...

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့် ဒုံးကျည်များကို တောင်ကိုရီးယားက ပုံမှန်အားဖြင့် တာတိုပစ်ပဲ့ထိန်းဒုံးကျည်များအဖြစ် သတ်မှတ်‌လေ့ရှိသည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအရ ပဲ့ထိန်းဒုံးကျည်များ အသုံးပြုခြင်းကို တားမြစ်ခြင်းခံထားရသည်။

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ တာသတ်မှတ်ထားပြီး လက်ရှိတွင် (၅၀၀) စင်တီမီတာကျော်တွင်ရောက်ရှိနေကြောင်း ဆိုသည်။ ယနေ့ အစောပိုင်း နံနက် (၁) နာရီဝန်းကျင်၌ ခပေါင်းချောင်းရေမှာ အနိမ့်ပိုင်းရပ်ကွက် အချို့၏ မြစ်ကမ်းနဘေးဆောက်ထားသည့် အိမ်သာအချို့ ရေတို-က်စားသွားသည်ဟု ၎င်းက ပြောသည်။ "အခုတော့ အနိမ့်ပိုင်းရပ်ကွက်မှာ ခြေသလုံးလောက်တော့ ရေဝင်နေတာပေါ့။ မိုးကလည်းရွာနေတော့ စောင့်ကြည့်နေတယ်၊ ပြောင်း‌ရရွှေ့ရလောက်တဲ့အထိတော့ မဟုတ်သေးပါဘူး။ မိုးဆက်ရွာရင်တော့ ထပ်တက်မယ့်အခြေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071