Wednesday, May 6, 2026

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal...

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...

လားရှိုးတွင် မိုးရွာသွန်းပြီးလေပြင်းတို-က်် ပျ-က်စီးမှုများဖြစ်ပေါ်

ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊...

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...
HomeInternationalအမေရိကအခွန်စည်းကြပ်မှုနိုင်ငံတွင်းလုပ်ငန်းငယ်များကိုပါထိခို-က်စေနိုင်

အမေရိကအခွန်စည်းကြပ်မှုနိုင်ငံတွင်းလုပ်ငန်းငယ်များကိုပါထိခို-က်စေနိုင်

အမေရိက၏ သွင်းကုန်များအပေါ် စည်းကြပ်ခွန်များကောက်ခံခြင်းသည် ကမ္ဘာ့ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေရုံသာမက နိုင်ငံ၏အသေးစားစီးပွားရေးလုပ်ငန်းများကိုပါ ထိခို-က်နိုင်မည်ဟု တရုတ်အမေရိကန်အသိုင်းအဝိုင်းခေါင်းဆောင်များကသတိပေးထားသည်။

“အစဉ်အဆက်ပြန်ကြည့်မယ်ဆိုရင် ဒီလိုအခွန်တွေအဆမတန်မတိုးခင်အထိ ပြည်ပအခွန်တွေဟာလည်း အမေရိကရဲ့ဝင်ငွေလမ်းကြောင်းတွေထဲမှာ အဓိကကျတဲ့အရာတစ်ခုပါ၊ ဒါပေမဲ့ အခွန်ကို အဆမတန်စည်းကြပ်လိုက်တော့ ကိုယ့်ကိုကိုယ်နစ်နာအောင်ပြန်လုပ်လိုက်သလိုပါပဲ” ဟုလည်းဆိုခဲ့သည်။

“လက်ရှိအစိုးရက အခွန်အကောက်တွေကို ညှိနှိုင်းရေးကိရိယာအဖြစ် အသုံးပြုဖို့ကြိုးစားခဲ့ပေမယ့် အဲ့ဒါကပဲ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုမှာ မငြိမ်မသက် ဖြစ်စေခဲ့ပါတယ်” ဟုလည်း United Chinese American ၏ဥက္ကကဆိုခဲ့သည်။

အဆမတန်သည့်စည်းကြပ်ခွန်များသည် ကုန်သွယ်မှုစနစ်တစ်ခုလုံး၏ အဓိကအနှောင့်အယှက်ဖြစ်စေပြီး စားသုံးသူများအတွက် ကုန်ကျစရိတ်ပိုမိုမြင့်မားစေသည်ဟု Wang ကပြောကြားခဲ့ပြီး အမေရိကနှင့်တရုတ်ကြားကုန်သွယ်မှုမှာ ရပ်တန့်လုနီးပါးဖြစ်နေပြီဟုလည်း ၎င်းကထပ်လေ-ာင်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ်အသုံးပြုနိုင်ရန် ပြင်‌ဆင်နေ

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ ဟံသာဝတီယူနိုက်တက် အသင်းအနေဖြင့် အိမ်ကွင်းပွဲစဉ်များ ကျင်းပခွင့်ရရှိရန်အတွက် လိုအပ်သည့် အဆောက်အအုံပိုင်းဆိုင်ရာများကို ပြန်လည်ဖြည့်ဆည်းနေသလို၊ အဓိကအကျဆုံးဖြစ်သည့် မြက်ခင်းပြင်ကိုလည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်းမွန်ရန်ပြင်ဆင်နေကြောင်း သိရသည်။ ထို့ပြင် ပွဲကြည့် ပရိသတ်များ ဘေးကင်းလုံခြုံပြီးအဆင် ပြေစွာ အားပေးနိုင်မည့် အစီအစဥ်များအပြင် ရုပ်သံရို-က်ကူးရေးလုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။ ပဲခူးပရိသတ်များက "မြန်မာပြည်ရဲ့ လီဗာပူး"ဟု တင်စားခေါ်ဝေါ်ကြသည့်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက် ရေတင်နိုင်ရန်နှင့် မိုးစပါးမစိုက်ပျိုးမီ လယ်ယာမြေများထွန်ယက်ပြုပြင်နိုင်ရန်အတွက် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  စက်သုံးဆီအရောင်းဆိုင်များပူး ပေါင်းရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် ကျေးရွာအုပ်စု (၁၂)စုမှ တောင်သူ(၁၉၅)ဦးအတွက် ဓာတ်ဆီ(၁)ဂါလံလျှင် ငွေကျပ်(၂၁,၀၀၀)နှုန်းဖြင့် ဂါလံ(၅၀၀)၊ ဒီဇယ် (၁)ဂါလံလျှင် ငွေကျပ်(၂၄,၄၀၀)နှုန်းဖြင့် (၄၇၅)ဂါလံတို့ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ဘားအံမြို့ရှိ တောင်သူများလက်ဝယ်အရောက် စက်သုံးဆီများကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း၌ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးတွင် မိုးရွာသွန်းပြီးလေပြင်းတို-က်် ပျ-က်စီးမှုများဖြစ်ပေါ်

ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊ ဆိုလာပြားများ၊ ဆိုင်းဘုတ်များပြုတ်ထွက်လွင့်စင်ခြင်း၊ လျှပ်စစ်ဓာတ်တိုင်ပြိုလဲခြင်း၊ ပြိုလဲကျိုးကျသည့် သစ် ပင်သစ်ကိုင်းများကြောင့် လမ်းပိတ်ဆို့ခြင်းများဖြစ်ပေါ်လျက်ရှိ၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ၊ ဒေသခံများကဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo-ကိုနေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071