Friday, May 16, 2025

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ...

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက်...

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ...

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham...
HomeInternationalအမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ...

အမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း–ပေတုံတန်

ဧပြီလ ၂၃ ရက်‌နေ့တွင် ပြုလုပ်မည့် ထိုင်း-အမေရိက ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

အစီအစဉ် ရွှေ့ဆိုင်းရသည့် အကြောင်းရင်းကိုမူ ပေတုံတန်က ပြောဆိုခဲ့ခြင်း မရှိပေ။

ထိုင်းမှပို့ကုန်ပစ္စည်းများအပေါ် အခွန် ၃၆ ရာခိုင်နှုန်း စည်းကြပ်မည့် ထရမ့်ပ်အစိုးရ၏ အစီအစဉ်ကို ရုပ်သိမ်းပေးရန် ထိုင်းနိုင်ငံက ကြိုးပမ်းနေပြီး ယခုသီတင်းပတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ ဦးဆောင်ညှိနှိုင်းသူဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira သည် အင်္ဂါနေ့တွင် အသေးစိတ်အချက်အချက်များကို ပြောကြားမည်ဖြစ်သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောကြားခဲ့သည်။ မူလစီစဉ်ထားသည့် ဗုဒ္ဓဟူးနေ့မှ ရက်ပြောင်းရွှေ့လိုက်ရသည့် အကြောင်းရင်းကို မူ၎င်းကလည်း ပြောဆိုခဲ့ခြင်း မရှိပေ။

မစ္စတာ Pichai သည် ယခင် ကြေညာထားခဲ့သကဲ့သို့ အမေရိကန်စီးပွားရေးသမားများနှင့် တွေ့ဆုံရန် ပြီးခဲ့သည့် သီတင်းပတ်တွင် ဆီယက်တဲလ်သို့ သွားရောက်မည်ဆိုသည်ကို သွားရောက်ခဲ့ခြင်း မရှိပေ။ ကောင်းမွန်ပြီး ရှည်ကြာသော နှစ်နိုင်ငံဆက်ဆံရေး ရှိထားသောကြောင့် စေ့စပ်ညှိနှိုင်းမှုများလုပ်သည့်အခါတိုင်းတွင် ရလဒ်ကောင်းများရရှိရန် အစိုးရက မျှော်လင့်ထားသည်ဟု စေ့စပ်ညှိနှိုင်းရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က ပြောကြားခဲ့သည်။

Ref: ယဟျူးနူးစ်၊ ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ Jiang Bin ကယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ပိုင်းများအတွင်း တရုတ်နှင့်ရုရှားကြားဆက်ဆံရေးသည် ယခင်ကထက်တိုးတက်လာပြီး မကြာခဏဆိုသလို အကြီးပိုင်းတာဝန်ရှိသူများ၏တွေ့ဆုံဖလှယ်မှုများ၊ အရေးပါသော ပူးတွဲလေကြောင်းကင်းလှည့်မှုနှင့် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများဖြင့် ဆက်ဆံခဲ့ကြပြီး အရေးကြီးသည့် အထိမ်းအမှတ်ပွဲများကျင်းပရာ၌လည်း အချင်းချင်းအားပေးကူညီခဲ့ကြသည်ဟုလည်းပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏လမ်းညွှန်မှုအောက်၌ တရုတ်စစ်တပ်အနေဖြင့် အရေးပါသော တရုတ် - ရုရှားမိတ်ဖက်ပူးပေါင်းဆက်ဆံရေးကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက် တုကီယေးရှိယူကရိန်းသံရုံး၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ဇယ်လန်းစကီးကပြောကြားခဲ့သည်။ “စိတ်မကောင်းစရာတစ်ခုက ဆွေးနွေးပွဲဆိုပေမဲ့ တစ်ဖက်ကလာမဲ့အထဲမှာ ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိပေါက်မြောက်တဲ့သူမျိုးပါမလာပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။ သို့သော် ယူကရိန်းသမ္မတကိုယ်တိုင်မတက်ရောက်နိုင်သည်ကလွဲ၍ ဆွေးနွေးပွဲအတွက် အပြုသဘောဆောင်လျှက် ကိုယ်စားလှယ်များကိုမူ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။ အစ္စတန်ဘူလ်၌ပြုလုပ်မည့်ဆွေးနွေးပွဲသည် ၂၀၂၂ ခုနှစ် ရုရှား - ယူကရိန်းပဋိပက္ခစတင်ချိန်မှစ၍ ပထမဆုံးအကြိမ် နှစ်ဘက်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်းလည်းဖြစ်သည်။ Source : ရှင်းဟွာ

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ ၁ နာရီမထိုးမီတွင် ထိုင်း F-16 တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်း ထိုင်းလေတပ်က သောကြာနေ့က FB တွင်ရေးသားထားသည်။ Ref:Khalid

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071