အမေရိကန်သမ္မတ၏ အထူးသံတမန် Steve Witkoff သည် ယခုရက်သတ္တပတ်တွင် ရုရှားနိုင်ငံမော်စကိုမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း NATO ဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ် Matt Whitaker က ပြောကြားသည်။
“သမ္မတ ထရမ့် ရဲ့ အထူးသံတမန်ဖြစ်တဲ့ Steve Witkoff ဟာ ဒီတပတ်ကုန်မှာ မော်စကိုမှာ ရှိနေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူ့အနေနဲ့ တိုးတက်မှုတချို့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု NBC News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူကပြောခဲ့သည်။
Whitaker က အမေရိကန်အနေဖြင့် “နှစ်ဖက်စလုံးက သဘောတူညီချက်တစ်ခု ရရှိစေလိုကြောင်း” ပြောကြားပြီး Witkoff ရုရှားသို့ သွားရောက်ခြင်းသည် “အကျိုးရှိနိုင်ပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။
ဩဂုတ်လ ၁ ရက်နေ့တွင် Witkoffသည် အစ္စရေးနှင့် ဂါဇာကမ်းမြောင်ဒေသသို့ သွားရောက်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်သမ္မတ ထရမ့် က အစ္စရေးခရီးစဉ်အပြီးတွင် ၎င်း၏အထူးသံတမန်သည် ရုရှားသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Witkoff သည် မကြာသေးမီကလည်း ရုရှားသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ပြီး ရုရှားသမ္မတ Vladimir Putin နှင့် တွေ့ဆုံခဲ့ဖူးသည်။
