အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ပေးပို့သည့် ကုန်သွယ်ရေးနှင့်သက်ဆိုင်သော စာနှင့်ပတ်သက်၍ ညှိနှိုင်း/ပြန်ကြားမှုများဆောင်ရွက်သွားမည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပေးပို့သည့် စာနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ သဘောထားမှာ အပြုသဘောဆောင်သည့် ညှိနှိုင်းမှု၊ ပြန်ကြားမှုများပြုလုပ်သွားမည်ဖြစ်ပြီး ညှိနှိုင်းမှုများမှတစ်ဆင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များရရှိမည်ကိုမျှော်လင့်သည်ဟု ပြောသည်။
၎င်း ပေးပို့သည့်စာတွင် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးပြုလုပ်လိုကာ ကုန်သွယ်ရေးလိုငွေများရှိပြီး မြန်မာနိုင်ငံ၏ သွင်းကုန်များအပေါ် အခွန်(၄၀)ရာခိုင်နှုန်းစည်းကြပ်သွားမည်ကိုဖော်ပြထားသည်ဟု ပြောသည်။
“မြန်မာနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံက သွင်းကုန်တွေနဲ့ပတ်သက်ပြီး ဖြေလျော့ပေးဖို့ပြောကြားထားတာတွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း မြန် မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နိုင်ဖို့ ပြောကြားထားပါတယ်။ အခွန်နှုန်းထားတွေနဲ့ပတ်သက်ရင်လည်း ညှိနှိုင်းနိုင်တဲ့အကြောင်း ရေးသားထားတာကိုတွေ့ရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်တွင် အမေရိကန်ဒေါ်လာ(၇၀၁ ဒသမ ၉)သန်းရှိခဲ့ပြီး ၂၀၂၄- ၂၀၂၅ ဘဏ္ဍနှစ်တွင် အမေရိကန်ဒေါ်လာ(၅၈၈ ဒ သမ ၃)သန်းကျော်ရှိခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
