Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeInternationalအမေရိကန်ပြည်ထောင်စုသည် အစ္စရေးနှင့် အီဂျစ်နိုင်ငံများမှလွဲ၍...

အမေရိကန်ပြည်ထောင်စုသည် အစ္စရေးနှင့် အီဂျစ်နိုင်ငံများမှလွဲ၍ အခြားနိုင်ငံများအားလုံးသို့ ပေးအပ်သည့် နိုင်ငံတကာအကူအညီများကို ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် အခြားနိုင်ငံများအားလုံးသို့ ပေးအပ်သည့် နိုင်ငံတကာအကူအညီများကို ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း အစ္စရေးနှင့် အီဂျစ်နိုင်ငံများသို့ ပေးအပ်သည့် ငွေကြေးအကူအညီများကို ခြွင်းချက်ပြုထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လျှို့ဝှက်မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

“သမ္မတ ထရမ့်၏ မူဝါဒနှင့် ကိုက်ညီကြောင်း စိစစ်အတည်ပြုခြင်း မရှိသေးသရွေ့ မည်သည့်အသစ်ထောက်ပံ့ငွေ သို့မဟုတ် ရှိပြီးသားထောက်ပံ့ငွေများကို တိုးချဲ့ခြင်းများအတွက် ငွေကြေးအသစ်များ ပေးအပ်ခြင်း မပြုရ” ဟု ယင်းမှတ်တမ်းတွင် ဖော်ပြထား‌ကြောင်း သိရသည်။

ဤကျယ်ပြန့်သောအမိန့်သည် ဖွံ့ဖြိုးရေးအကူအညီမှ စစ်ရေးအကူအညီအထိ အားလုံးကို ထိခိုက်စေနိုင်သည်ဟု ယူဆရသည်။ ထိုအထဲတွင် ယူကရိန်းနိုင်ငံလည်း ပါဝင်နိုင်သည်။ ယူကရိန်းသည် ဂျိုးဘိုင်ဒင်လက်ထက်တွင် လက်နက်များအတွက် ဘီလီယံချီသည့် ငွေကြေးအကူအညီများရရှိခဲ့သည်။

သို့သော် မှတ်တမ်းတွင် အစ္စရေးနှင့် အီဂျစ်နိုင်ငံများသို့ စစ်ရေးအကူအညီများကို ခြွင်းချက်ပြုထားသည်။ အစ္စရေးသည် အမေရိကန်ထံမှ ကြာရှည်စွာရရှိခဲ့သည့် အဓိကလက်နက်ထောက်ပံ့မှုများကို ဂါဇာစစ်ပွဲကတည်းက ပိုမိုတိုးချဲ့ရရှိ‌နေခဲ့သည်။ အီဂျစ်သည်လည်း ၁၉၇၉ ခုနှစ်တွင် အစ္စရေးနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးနောက် အမေရိကန်ထံမှ ရက်ရောစွာရရှိခဲ့သည့် ကာကွယ်ရေးအကူအညီများကို ဆက်လက်ရရှိနေဆဲဖြစ်သည်။

တနင်္လာနေ့တွင် တာဝန်စတင်ယူပြီး မကြာမီ ထရမ့်သည် သူ၏နိုင်ငံခြားရေးမူဝါဒနှင့် ကိုက်ညီမှုနှင့် ထိရောက်မှုများကို ပြန်လည်သုံးသပ်ရန် နိုင်ငံခြားဖွံ့ဖြိုးရေးအကူအညီများကို ၉၀ ရက်ကြာ ရွှေ့ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

သို့သော် ဤအမိန့်၏ အတိုင်းအတာကို ချက်ချင်းမသိရသေးပါ၊ အမေရိကန်ကွန်ဂရက်သည် ဖက်ဒရယ်အစိုးရ၏ ဘဏ္ဍာရေးစာရင်းကို သတ်မှတ်ပေးသည့်အတွက် မည်သည့်ငွေကြေးကို ဖြတ်တောက်နိုင်မည်ကို မသိရသေးပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန၏မှတ်တမ်းတွင်မူ အမိန့်သည် ချက်ချင်းအကျိုးသက်ရောက်မှုရှိစေရန်နှင့် တာဝန်ရှိသည့် အကြီးတန်းအရာရှိများအ‌နေနှင့်လည်း“ဥပဒေအရ အများဆုံးခွင့်ပြုထားသည့်အတိုင်း၊ ရူဘီယိုက ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချမှတ်သည်အထိ နိုင်ငံခြားအကူအညီအတွက် မည်သည့်ကတိကဝတ်သစ်မျှ မပြုလုပ်ရ” ဟု ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့် ရေတံခါးများ ဖွင့်ချထား၊

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက် ဩဂုတ်လ ၃ ရက် ည ၈ နာရီမှစတင်ကာ ရေတံခါးများကို ဖွင့်ချထားကြောင်း မြန် မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီက အသိပေးထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ တံငါတံတား၏ လက်ရှိရေအမှတ်မှာ ၉၅ ဒသမ ၆ ပေသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း၊ နောက်ထပ် ရေ ၃ ပေခန့် ထပ်မံမြင့်တက်လာပါက...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် COW မိုဘိုင်းကား တပ်ဆင်

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို တပ်ဆင်ထားကြောင်း သိရသည်။ B2B Satellite Terminal ၂ စုံအနက် တစ်စုံကို လေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စုရှိ စစ်ကွင်းဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် တပ်ဆင်ထားပြီး ကျန်တစ်စုံကို သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာတွင် တပ်ဆင်ထားကြောင်း သိရသည်။ ထို့ပြင် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို စာရေးကွင်းတွင်...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071