Friday, June 20, 2025

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့...

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ...

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့...

ကလပ်စတာဗုံး တပ်ဆင်ထားသော ဒုံးကျည် အီရန်ပစ်လွှတ်ဟု...

အီရန်နိုင်ငံသည် ကြာသပတေးနေ့ (ဇွန် ၁၉ ရက်) တွင် အစ္စရေးလ်နိုင်ငံသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ ထိခို-က်‌ေ-သဆုံးမှုများ တိုးပွားစေရန် ရည်ရွယ်၍ ကလပ်စတာဗုံးများ...

ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းရာ၌ အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ...

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာ၌ အများယုံ ကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး(၃)ဦးဖြင့် ဖွဲ့စည်းရမည်ဟု နစက မှဇွန် ၁၉ ရက်ကထုတ်ပြန်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေတွင် ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ...
HomeInternationalအမေရိကန်နှင့် ယူကရိန်းတို့ သယံဇာတဆိုင်ရာရင်းနှီးမြှုပ်နှံမှု...

အမေရိကန်နှင့် ယူကရိန်းတို့ သယံဇာတဆိုင်ရာရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် လက်မှတ်ရေးထိုး

အမေရိကန်နှင့် ယူကရိန်းတို့သည် အနာဂတ်တွင် ယူကရိန်းနိုင်ငံမှ သတ္တုများနှင့် မြေရှားသတ္တုများ ရောင်းချခြင်းမှ ရရှိသော အမြတ်ငွေများနှင့် လုပ်ပိုင်ခွင့်ခွဲဝေမှုများဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်သည်။

ဤသဘောတူညီချက်သည် သမ္မတဒေါ်နယ်ထရမ့်က ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ညှိနှိုင်းခဲ့စဉ်က အမေရိကန်အနေဖြင့် ယူကရိန်း၏ ကာကွယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတွင် ဆက်လက်ရင်းနှီးမြှုပ်နှံရန် စီးပွားရေးအရ ဆောင်ရွက်သွားမည်ဟု အချက်တစ်ချက်‌အဖြစ်ထည့်သွင်းပြောကြားခဲ့သည့် သဘောတူညီချက်ဖြစ်သည်။

လက်မှတ်ရေးထိုးချိန်မတိုင်မီ နာရီပိုင်းအလိုအထိ လပေါင်းတာရှည် တင်းမာစွာဖြင့် ညှိနှိုင်းဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ရသည့် ဤသယံဇာတဆိုင်ရာသဘောတူညီချက်သည် အမေရိကန်-ယူကရိန်း ပြန်လည်တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေကို တည်ထောင်မည်ဖြစ်ပြီး ထရမ့်အုပ်ချုပ်ရေးက စစ်စတင်ကတည်းက ယူကရိန်းအား ထောက်ပံ့ခဲ့သည့် ခန့်မှန်းခြေဒေါ်လာ ၁၇၅ ဘီလီယံကိုလည်း စတင်၍ ပြန်လည်ပေးဆပ်မည်ဟုလည်း ယူကရိန်းဖက်က ပြောကြားခဲ့သည်။

“ဤသဘောတူညီချက်သည် ထရမ့်အုပ်ချုပ်ရေးသည် ရေရှည်တွင် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သည့် ယူကရိန်းနိုင်ငံကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရည်ရွယ်ကြောင်း ရုရှားအား ရှင်းရှင်းလင်းလင်း အသိပေးသည်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“သမ္မတထရမ့်သည် ယူကရိန်းနိုင်ငံတွင် ရေရှည်ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် နှစ်နိုင်ငံ၏ ကတိကဝတ်ကို ပြသရန် အမေရိကန်နှင့် ယူကရိန်းတို့ကြား ဤမိတ်ဖက်ပြုမှုကို မျှော်မှန်းခဲ့သည်။ ထို့အပြင် ရှင်းလင်းစွာ ပြောရလျှင် ရုရှား၏ စစ်ဖက်ဆိုင်ရာ ယန္တရားကို ငွေကြေးထောက်ပံ့ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်စေ၊ လူတစ်ဦးဖြစ်စေ ယူကရိန်းပြန်လည်တည်ဆောက်ရေးမှ အကျိုးအမြတ်ရယူခွင့် မပြုပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်း၏ ဒုတိယဝန်ကြီးချုပ် ယူလီယာ စဗျရီဒန်ကိုက ဗုဒ္ဓဟူးနေ့တွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဆိုရှယ်မီဒီယာတွင် အတည်ပြုခဲ့သည်။ “အမေရိကန်နှင့်အတူ ကျွန်ုပ်တို့သည် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအား ကျွန်ုပ်တို့နိုင်ငံသို့ ဆွဲဆောင်မည့် ရန်ပုံငွေကို ဖန်တီးနေပါသည်” ဟု ၎င်းက ရေးသားခဲ့သည်။

ယူကရိန်းအရာရှိများကမူ ဤသဘောတူညီချက်သည် တရားမျှတပြီး ယူကရိန်းအား ၎င်း၏သဘာဝအရင်းအမြစ်များကို ထိန်းချုပ်ခွင့်ပေးထားသည်ဟု ဆိုကြသည်။

ယူကရိန်းဝန်ကြီးချုပ် ဒန်းနစ်ရှ်မီဟာက ရန်ပုံငွေကို အမေရိကန်နှင့် ယူကရိန်းကြား ၅၀-၅၀ ခွဲဝေမည်ဖြစ်ပြီး နှစ်ဖက်စလုံးအား တူညီသော လုပ်ပိုင်ခွင့်များ ပေးမည်ဟု ပြောကြားခဲ့သည်။

ယူကရိန်းသည် “၎င်း၏သတ္တုအရင်းအမြစ်များ၊ အခြေခံအဆောက်အအုံများနှင့် သဘာဝအရင်းအမြစ်များကို အပြည့်အဝ ထိန်းချုပ်ခွင့်” ရှိမည်ဖြစ်ပြီး ၎င်းသည် အသစ်ရင်းနှီးမြှုပ်နှံမှုများနှင့်သာ သက်ဆိုင်မည်ဖြစ်ကာ ဤသဘောတူညီချက်သည် ယူကရိန်းအတွက် မည်သည့်ကြွေးမြီအချက်အလက်မျှ မပါဝင်ကြောင်း ဒန်းနစ်ရှ်မီဟာက ပြောကြားသည်။ ဤသဘောတူညီချက်သည် “take-or-pay” အခြေခံဖြင့် စာချုပ်များချုပ်ဆိုခြင်းဖြင့် အမြတ်ငွေရရှိမည်ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ဤသဘောတူညီချက်သည် “ယူကရိန်း၏ဖွံ့ဖြိုးရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမှန်တကယ် ကောင်းမွန်ပြီး တရားမျှတကာ အကျိုးရှိသော နိုင်ငံတကာသဘောတူညီချက်” ဟု ဒန်းနစ်ရှ်မီဟာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဤသဘောတူညီချက်ကို ဝေဖန်သူများကမူ အမေရိကန်အစိုးရသည် သယံဇာတအရင်းအမြစ်များမှ ရရှိသော အမြတ်ငွေများကို လက်လွှတ်ရန် ယူကရိန်းကို တောင်းဆိုခြင်းဖြင့် ယူကရိန်းကို အခွင့်ကောင်းယူရန် ကြိုးစားနေသည်ဟု ဆိုကြသည်။

သို့ရာတွင် ဤသဘောတူညီချက်ကို ယူကရိန်းပါလီမန်မှ အတည်ပြုရန် လိုအပ်နေသေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ တာသတ်မှတ်ထားပြီး လက်ရှိတွင် (၅၀၀) စင်တီမီတာကျော်တွင်ရောက်ရှိနေကြောင်း ဆိုသည်။ ယနေ့ အစောပိုင်း နံနက် (၁) နာရီဝန်းကျင်၌ ခပေါင်းချောင်းရေမှာ အနိမ့်ပိုင်းရပ်ကွက် အချို့၏ မြစ်ကမ်းနဘေးဆောက်ထားသည့် အိမ်သာအချို့ ရေတို-က်စားသွားသည်ဟု ၎င်းက ပြောသည်။ "အခုတော့ အနိမ့်ပိုင်းရပ်ကွက်မှာ ခြေသလုံးလောက်တော့ ရေဝင်နေတာပေါ့။ မိုးကလည်းရွာနေတော့ စောင့်ကြည့်နေတယ်၊ ပြောင်း‌ရရွှေ့ရလောက်တဲ့အထိတော့ မဟုတ်သေးပါဘူး။ မိုးဆက်ရွာရင်တော့ ထပ်တက်မယ့်အခြေ...

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ဦးတည်နေသည်ဟုဆိုသည်။ မတ်လ၂၈ ရက် နေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇ သန်းကျော် ထိခို-က်ခဲ့ပြီး မြန်မာ့ဂျီဒီပီ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဒေသများရှိ လူနေအိမ် အဆောက်အအုံများ၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦးများနှင့် အမွေအနှစ်နေရာများ ပျ-က်စီးခဲ့ရသည်။ ငလျင်၏သက်ရောက်မှုသည် လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်‌နေစေပြီး “ဘေးဒဏ်သင့်ဒေသများရှိ...

ကလပ်စတာဗုံး တပ်ဆင်ထားသော ဒုံးကျည် အီရန်ပစ်လွှတ်ဟု အစ္စရေးဆို

အီရန်နိုင်ငံသည် ကြာသပတေးနေ့ (ဇွန် ၁၉ ရက်) တွင် အစ္စရေးလ်နိုင်ငံသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ ထိခို-က်‌ေ-သဆုံးမှုများ တိုးပွားစေရန် ရည်ရွယ်၍ ကလပ်စတာဗုံးများ တပ်ဆင်ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးလ်စစ်တပ်နှင့် ဝါရှင်တန်ရှိ အစ္စရေးသံရုံးတို့က ပြောကြားခဲ့သည်။ ၎င်းသည် ခုနစ်ရက်ကြာ စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက် ပေါက်ကွဲစေတတ်သောကလပ်စတာဗုံးတပ် ဒုံးကျည်ကို ပထမဆုံးအကြိမ် အသုံးပြုမှု ဖြစ်ကြောင်းကိုလည်း ဖြည့်စွက်ပြောကြားသည်။ "ဒီနေ့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စရေးလ်နိုင်ငံက လူဦးရေထူထပ်တဲ့ အရပ်သားနေထိုင်ရာဒေသတစ်ခုကို အစုလိုက်အပြုံလိုက် ပေါက်ကွဲစေတတ်တဲ့ ကလပ်စတာဗုံးတပ် ဒုံးကျည်တစ်စင်းနဲ့ ပ-စ်ခ-တ်ခဲ့ပါတယ်" ဟု ရိုက်တာသတင်းဌာနသို့ သံရုံးက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071