Thursday, June 19, 2025

ပဲခူးတွင် ရေကြီးရေလျှံမှုအတွက် ရည်ရွယ်ကာ ရှာဖွေကယ်ဆယ်ရေးတပ်စုများ...

ပဲခူးတိုင်းဒေသကြီး၌ ရေကြီးရေလျှံမှုများဖြစ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တစ်မြို့နယ်လျှင် (၃၅) ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားသည်။ ထို့ပြင် ရေကြီးနစ်မြုပ်မှုများ ဖြစ်လာပါက ဒေသခံများကို...

ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လိုင်စင်များကို နေပြည်တော်(ရုံးချုပ်)...

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် မိုင်းရှူးမြို့တို့တွင် လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင်...

ကြက်ခြေနီအသင်းက မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ရာတို့၌အသုံးပြုရန် အလှူငွေများပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာတိုက်သစ်ကျောင်းအား ကျပ်သိန်း(၅၀၀)၊...

ရုရှားနှင့်ယူကရိန်း ဇွန်၂၂ နောက်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ဖြစ်

စိန့်ပီတာစဘတ်၊ ဇွန် ၁၉ ရုရှားနှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းသူများသည် ဇွန်လ ၂၂ ရက်‌နေ့နောက်ပိုင်းတွင် တို-က်ရို-က်ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် ပြင်ဆင်ထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeInternationalအမေရိကန်နှင့်ဖိလစ်ပိုင်သမ္မတများ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများအားဆွေးနွေး

အမေရိကန်နှင့်ဖိလစ်ပိုင်သမ္မတများ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများအားဆွေးနွေး

အမေရိကန်နှင့်ဖိလစ်ပိုင်သမ္မတများ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများအားဆွေးနွေး

နူးယော့ခ်၊စက်တင်ဘာ ၂၃

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာတို့သည် တောင်တရုတ်ပင်လယ်အတွင်း၌ တရုတ်၏ဩဇာလွှမ်းမိုးရန်ကြိုးပမ်းမှုများကို တုံ့ပြန်သည့်အနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာရေကြောင်းသွားလာမှုနှင့် လေကြောင်းပျံသန်းမှုဆိုင်ရာများကို ထောက်ခံရန်အတွက် စက်တင်ဘာ ၂၂ ရက် ကြာသပတေးနေ့ကတွေ့ဆုံစဉ် အလေးပေးပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်နှင့်မားကို့စ်တို့သည် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ နှစ်ဦးတည်းပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။လက်ရှိ သမ္မတမားကို့စ်သည် ဖိလစ်ပိုင်သမ္မတဟောင်း ဖာဒီနန်မားကို့စ်၏သားဖြစ်ပြီး ဇွန်လကရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် တောင်တရုတ်ပင်လယ်၏ အခြေအနေများအားဆွေးနွေးခဲ့ကြပြီး လွတ်လပ်စွာရေကြောင်းသွားလာခွင့်၊လေကြောင်းပျံသန်းခွင့်များအပါအဝင် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာအဖြေရှာရေးတို့အပေါ် ၎င်းတို့၏ထောက်ခံမှုကိုအလေးပေးပြောကြားခဲ့သည် ဟု ဆွေးနွေးပွဲအပြီး၌ အိမ်ဖြူတော်ကကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ဘိုင်ဒင်သည် တောင်တရုတ်ပင်လယ်၌ ကိုဗစ်နှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးလိုကြောင်း ၎င်းတို့နှစ်ဦးဆွေးနွေးပွဲစတင်စဉ်ပြောကြားခဲ့သည်။ထို့နောက် ယူကရိန်းသို့ရုရှား၏ကျူးကျော်မှုအား ဆန့်ကျင်ခဲ့သည့်အတွက်လည်း သမ္မတမားကို့စ်အား ကျေးဇူးတင်ရှိကြောင်းလည်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ဒေသတွင်း ငြိမ်းချမ်းရေးကိုထိန်းသိမ်းရာမှာ အမေရိကရဲ့အခန်းကဏ္ဍဟာဒေသတွင်းနိုင်ငံတွေ အထူးသဖြင့်ဖိလစ်ပိုင်နိုင်ငံအတွက်တော့ အလွန်တန်ဖိုးထားလေးစားရတဲ့အရာဖြစ်ပါတယ်” ဟု သမ္မတမားကို့စ်ပြန်လည်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် အမေရိကန်၏အဓိကမဟာမိတ်နိုင်ငံဖြစ်ပြီး တရုတ်ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ လိုအပ်လာပါက ၎င်း၏ပထဝီဝင်အနေအထားအရ အမေရိကကခုခံကာကွယ်ပေးရမည့် မဟာဗျူဟာမြောက်အရေးပါသောနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ထို့ကြောင့်လည်း ၎င်းအခြေအနေနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်သဖြင့် ဖိလစ်ပိုင်ရှိစစ်အခြေစိုက်စခန်းများသို့ ပိုမိုဝင်ရောက်ခွင့်ရရန် အမေရိကန်ကစိတ်အားထက်သန်နေခြင်းဖြစ်သည်။

ဆက်လက်၍ခေါင်းဆောင်နှစ်ဦးသည် အမေရိက – ဖိလစ်ပိုင် မဟာမိတ်ကဏ္ဍ၏အရေးပါမှုကိုလည်း ပြန်လည်သုံးသပ်အတည်ပြုခဲ့ကြကာ ဖိလစ်ပိုင်ကာကွယ်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ စစ်သင်္ဘောကတိကိုလည်း ထပ်မံအတည်ပြုခဲ့သည် ဟု အိမ်ဖြူတော်ကထုတ်ပြန်ခဲ့သည်။

ယခုလအစောပိုင်းကလည်း မားကို့စ်၏ဆွေမျိုးတစ်ဦးဖြစ်သည့် အမေရိကန်ဆိုင်ရာဖိလစ်ပိုင်သံအမတ်ကြီးသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ လိုအပ်လာပါက ဖိလစ်ပိုင်အနေဖြင့်မိမိတို့၏ လုံခြုံရေးအတွက်အရေးကြီးသဖြင့် ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းများကို အမေရိကအားအသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း နစ်ကေးသတင်းဌာနသို့ပြောကြားခဲ့သည်။

Source –Reuters/ec

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတွင် ရေကြီးရေလျှံမှုအတွက် ရည်ရွယ်ကာ ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထား

ပဲခူးတိုင်းဒေသကြီး၌ ရေကြီးရေလျှံမှုများဖြစ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တစ်မြို့နယ်လျှင် (၃၅) ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားသည်။ ထို့ပြင် ရေကြီးနစ်မြုပ်မှုများ ဖြစ်လာပါက ဒေသခံများကို ဘေးလွတ်ရာ အလွယ်တကူပြောင်းရွှေ့နိုင်ရန် စက်လှေများကိုလည်း အသင့်ပြင်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်ကလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်လုပ်ဆောင်နိုင်ရန် ပဲခူးတိုင်းဒေသကြီး၌ ရေဘေးကယ် ဆယ်ရေးဇာတ်တို-က် လေ့ကျင့်ခဲ့ကြသေးသည်။ မန္တလေး ငလျင်လှုပ်ခတ်ပြီးနောက် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အချို့တွင် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်ခြင်း၊ ရေပြင်ကယ်ဆယ်ရေးသင်တန်းများနှင့် ရေပြင်သက်ကယ်လှေမောင်းနှင်ခြင်းသင်တန်းများကို လေ့ကျင့်လျက်ရှိသည်ကို တွေ့ရသည်။

ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လိုင်စင်များကို နေပြည်တော်(ရုံးချုပ်) အပါအဝင် မြို့ (၄) မြို့တွင် လျှောက်ထားနိုင်

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် မိုင်းရှူးမြို့တို့တွင် လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်ပေါင်း (၅,၆၀၀)ကျော် ထုတ်ပေးထားကြောင်းလည်း သိရသည်။ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ချထားပေးလျက်ရှိသော ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ ကျောက်မျက်ရတနာ အချောထည်နှင့် ရုပ်တု/ရုပ်ထွင်းများပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်း၊ အချောများရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်များကို ချထားပေးလျက်ရှိကြောင်း သိရသည်။

ကြက်ခြေနီအသင်းက မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အလှူငွေများလှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ရာတို့၌အသုံးပြုရန် အလှူငွေများပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာတိုက်သစ်ကျောင်းအား ကျပ်သိန်း(၅၀၀)၊ ရတနာသိင်္ဂီ(ပရဟိတ)သီလရှင်စာသင်တိုက်အား ကျပ်သိန်း(၅၀၀)၊ ခရစ္စတီယာန်တို့အားမှိုင်းမတော်မူသော သခင်မဘုရားကျောင်းအား ကျပ်သိန်း(၂၅၀)၊ အောင်မြေသာစံမြို့နယ်ရှိ ခရစ်တော်ဘွဲ့ခံ ကသီဒြယ်ဘုရားကျောင်းအား ကျပ်သိန်း(၁၀၀)တို့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာရှိ စိန့်ဂျော်ကင်နှင့် စိန့်အန်နားကက်သလစ် ခရစ်ယာန်ဘု ရားကျောင်းအား ကျပ်သိန်း(၁၅၀)၊ အမရပူရမြို့နယ် ဗုံးအိုးကျေးရွာရှိ ဗုံးအိုးအရှေ့ဗလီအား ကျပ်သိန်း(၂၅၀)၊ အစ္စလာမ် ဇာရိုကီရာစာသင်ကျောင်းအား ကျပ်သိန်း(၂၅၀)၊ အောင်မြေသာစံမြို့နယ်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071