Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeNewsLocal Newsအမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသားများကိုပေးထားသည့် TPS...

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသားများကိုပေးထားသည့် TPS ရပ်ဆိုင်းခြင်းမှာ မြန်မာနိုင်ငံအခြေအနေတိုးတက်လာခြင်းကြောင့်ဖြစ်

အမေရိကန်ရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကိုပြန်လာပြီး ရွေးကောက်ပွဲမှာ မဲပေးနိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့ လက်ကမ်းကြိုဆိုကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းပြော

အမေရိကန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသားများကိုပေးထားသည့် Temporary Protected Status(TPS)အား ရပ်ဆိုင်းခြင်းမှာ မြန်မာနိုင်ငံ၏အခြေအနေတိုးတက်လာခြင်းကြောင့်ဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန Department of Homeland Security နှင့် အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့မှ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကိုပေးထားသည့် TPS ရပ်ဆိုင်းခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

” TPS ရပ်ဆိုင်းရတဲ့အကြောင်းရင်းက မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်လာတာကြောင့်ပါ။ မြန်မာနိုင်ငံအစိုးရအနေနဲ့ အရေးပေါ်အခြေအနေက ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆောင်ရွက်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပစ်ခတ်တို-က်-ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေးဆောင် ရွက်နိုင်မှု၊ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတည် ငြိမ်လာမှုနဲ့ တိုးတက်မှုတို့ကြောင့် TPS အခွင့်အရေးရ ထားတဲ့ မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံကို လုံခြုံစွာပြန်နိုင်ပြီဖြစ်ကြောင်းသုံးသပ်ပြီး ရပ်ဆိုင်းခဲ့တယ်ဆိုတာကိုသိရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် အမေရိကန်အစိုးရ၏ထုတ်ပြန်ချက်သည် အပြုသဘောဆောင်သော ထုတ်ပြန်ချက်ဖြစ်ခြင်းကြောင့် အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ/နိုင်ငံသားများအနေဖြင့် အမိနိုင်ငံကိုပြန် လာ၍ရကာကြိုဆိုပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကြီးကျင်းပတော့မည်ဟု ပြောသည်။

” ဒါ့ကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်လာပြီး ရွေးကောက်ပွဲမှာ မဲပေးနိုင်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့ လက်ကမ်းကြိုဆိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂ ရက်ကပင် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီး သီးသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တရားဝင်ကြေ ညာချက်ထုတ်ပြီးဖိတ်ခေါ်ခဲ့သည်ဟု ပြောသည်။

” အဲ့ဒီထဲမှာ လူသတ်မှု၊ မုဒိမ်းမှုစတဲ့ ပြစ်မှုကြီးတွေကျူးလွန်သူတွေကတော့ တရားဥပဒေအရ တရားရင် ဆိုင်ရမှာဖြစ်ပါတယ်။ ကျန်သူတွေကတော့ အထူးသက် ညှာစွာဖြေလျှော့ဆောင်ရွက်ပေးသွားပါမယ်လို့ ကြေ ညာချက်မှာပါခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်သူ တော်တော်များများပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ သူတို့ကနိုင်ငံအတွင်းမှာ ကောင်းမွန်စွာနေထိုင်လျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင်လည်း ပြည် ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်များအနေဖြင့် PDF အဖွဲ့များကို တရားဥပဒေဘောင်အတွင်းဝင်ရောက်နိုင်ရန်ဖိတ်ခေါ်ခဲ့သဖြင့် PDF အဖွဲ့ဝင် ရာပေါင်းများစွာ တရားဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင်လည်း မြန်မာ နိုင်ငံ၌ ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းချက်ထုတ်ပြန်ပြီးဖိတ်ခေါ်ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071