Saturday, June 7, 2025

အငြင်းပွားနယ်စပ်တလျှောက် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်အင်အား တိုးချဲ့

နှစ်နိုင်ငံ အငြင်းပွားနယ်စပ်တလျှောက်တွင် ကမ္ဘောဒီးယားဘက်က တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့မှုကြောင့် ထိုင်းဘက်ကလည်း ၎င်း၏ တပ်အင်အားကို တိုးမြှင့်ခဲ့သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။ နယ်စပ်တွင်...

ပုဒ်မ ၃၃ နှင့်ပတ်သက်၍ မြန်မာအား...

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (အိုင်အယ်လ်စီ)တွင်  မြန်မာနိုင်ငံကို ကွန်ဗန်းရှင်း နှစ်ခု လိုက်နာမှုအားနည်း သဖြင့် ​အိုင်အယ်လ်အိုပုဒ်မ ၃၃ ဖြင့် စောင့်ကြည့်စစ်​ဆေး​သွားမည်ဖြစ်​ကြောင်းသိရသည်။ ပုဒ်မ...

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့်...

ICC တရားသူကြီးများအပေါ် အမေရိကန်၏ ပိ-တ်ဆို့အရေးယူမှုများ...

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) မှ တရားသူကြီးလေးဦးအပေါ် အမေရိကန်အစိုးရက ချမှတ်ထားသည့် ပိ-တ်ဆို့အရေးယူမှုများ ပြန်လည်ရုပ်သိမ်းပေးရန် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအကြီးအကဲက တောင်းဆိုလိုက်သည်။ “တရားသူကြီးတွေကို တို-က်ခို-က်တာဟာ...
HomeNewsLocal Newsအမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်...

အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက် မဲဆောက်ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်လေ့လာ

အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက် မဲဆောက်ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်လေ့လာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်သည် ယနေ့ ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်သည် အာစီယံ (၃) နိုင်ငံဖြစ်သည့် ထိုင်း ၊ စင်္ကာပူနှင့် ဘရူနိုင်း နိုင်ငံတို့ကို သွားရောက်မည့် ၎င်း၏ ခရီးစဉ်ကို ဇွန် ၇ ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဦးစွာ ရောက်ရှိနေခြင်း ဖြစ်သည်။

မစ္စတာ ဒဲရစ်ချောလက်သည် ယမန်နေ့ ဇွန်လ (၉) ရက်နေ့တွင် လည်း ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ တာဆောင်ယမ်းမြို့ရှိ မဲ့လဒုက္ခသည်စခန်းသို့ သွားရောက်ကာ မြန်မာ ဒုက္ခ သည်များနှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

ယခုခရီးစဉ်တွင် မြန်မာ့အရေး အပါအဝင် အမေရိကန် – အာဆီယံ ထိပ်သီး အထူးအစည်းအဝေး ဆုံးဖြတ်ချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးသွားရန်ရှိကြောင်း အမေရိကန်နိုင်ငံခြား ရေးဌာနက ထုတ်ပြန်ထားသည်။

၎င်း၏ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ အစိုးရ ထိပ်တန်းအ ကြီးအကဲများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံအရေး ကိစ္စများဆွေးနွေးသွားမည့်အပြင် မြန်မာပြည်သူတွေကို ကူညီနိုင်ရေးအတွက် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုအပေါ် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

စင်္ကာပူနှင့် ဘရူနိုင်းနိုင်ငံ အကြီးအကဲများနှင့် တွေ့ဆုံရာတွင်လည်း မြန်မာ့အရေး ထည့်သွင်း ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ပြီး ၎င်း၏ ခရီးစဉ်ကို ဇွန်လ ၁၄ ရက်တွင် အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အငြင်းပွားနယ်စပ်တလျှောက် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်အင်အား တိုးချဲ့

နှစ်နိုင်ငံ အငြင်းပွားနယ်စပ်တလျှောက်တွင် ကမ္ဘောဒီးယားဘက်က တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့မှုကြောင့် ထိုင်းဘက်ကလည်း ၎င်း၏ တပ်အင်အားကို တိုးမြှင့်ခဲ့သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။ နယ်စပ်တွင် လူအ‌ေ-သအပျေ-ာက်ရှိသောပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။         မေလ ၂၈ ရက် နေ့က ကမ္ဘောဒီးယားစစ်သားတစ်ဦး ‌ေ-သဆုံးခဲ့သော နယ်စပ်မျဉ်းမရှိသည့် ဧရိယာတွင် နှစ်ဖက်တပ်များ ခေတ္တတို-က်ပွဲဖြစ်ပြီးချိန်မှ စတင်ကာ အရှေ့တောင်အာရှ နှစ်နိုင်ငံ အစိုးရနှစ်ရပ်သည် ဆွေးနွေးဖြေရှင်းမှုကို ကတိပြုသည့် စကားလုံးများသုံးကာ အပြန်အလှန်ပြောဆိုခဲ့ကြသည်။                            သို့သော်လည်း ကြာသပတေးနေ့က ပြုလုပ်ခဲ့သော နှစ်ဖက်ဆွေးနွေးမှုများတွင် တင်းမာမှုလျော့ပါးစေမည့် အဆိုပြုချက်များကို...

ပုဒ်မ ၃၃ နှင့်ပတ်သက်၍ မြန်မာအား ပြည်သူ့ဘဝ မထိခိုက်စေသည့်နည်းလမ်းဖြင့် စောင့်ကြည့် ကြပ်မတ်မည်

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (အိုင်အယ်လ်စီ)တွင်  မြန်မာနိုင်ငံကို ကွန်ဗန်းရှင်း နှစ်ခု လိုက်နာမှုအားနည်း သဖြင့် ​အိုင်အယ်လ်အိုပုဒ်မ ၃၃ ဖြင့် စောင့်ကြည့်စစ်​ဆေး​သွားမည်ဖြစ်​ကြောင်းသိရသည်။ ပုဒ်မ ၃၃ က အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့ကို အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ကစုံစမ်းရေးကော်မရှင် သို့မဟုတ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်ပျက်ကွက်လျှင် အဆိုပါ နိုင်ငံကို အရေးယူရန် ထောက်ခံ တင်ပြရမည့် လုပ်ထုံးလုပ်နည်းကို ပြဋ္ဌာန်းထားသည်။ ဤကဲ့သို့ အရေးယူရခြင်း၏ ရည်ရွယ်ချက်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား စံနှုန်းများ နှင့်...

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ရန်ကုန်မြို့မှ ဧရာဝတီမြစ်သို့ ထွက်ခွာမည့် ရေယာဉ်များအားလုံး တွံတေးတူးမြောင်းမှတစ်ဆင့်သာ ဖြတ်သန်းမောင်းနှင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။ ရေလမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသို့ သောင်တူးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပန်းလှိုင်မြစ်ဝရှိ ညောင်တုန်းရေလမ်းကြောင်းကို ယာယီပိ-တ်ထားခြင်းဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071