အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ F-16 တိုက်လေယာဉ်များ ရောင်းချမှုကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကမူ “အမေရိကန်ပြည်ထောင်စုသည် အင်ဒို-ပစိဖိတ်ဒေသတွင် မိမိတို့၏မဟာမိတ်များ၊ မိတ်ဖက်များနှင့် အတူ ခိုင်မာစွာရပ်တည်နေပြီး ခြိမ်းခြောက်မှုများကို ကာကွယ်ရန်၊ စီးပွားရေးတည်ငြိမ်မှုကို မြှင့်တင်ရန်နှင့် အကျိုးစီးပွားများကို တိုးတက်စေရန် ဆုံးဖြတ်ချက်ချမှတ်ပြီး ဆက်လက်လုပ်ဆောင်နေပါသည်” ဟု Newsweek သို့ ပြောကြားခဲ့သည်။
Newsweek သည် ဖိလစ်ပိုင်နှင့် ထိုင်ဝမ်စစ်တပ်နှစ်ခုစလုံးထံ မှတ်ချက်တောင်းခံရန် အီးမေးလ်ပို့ခဲ့သော်လည်း မည်သည့်မှတ်ချက်မျှ မရခဲ့ချေ။
အမေရိကန်၏ ပင်လယ်ရေပိုင်နက်ဝန်းရံထိန်းချုပ်ရေးဗျူဟာအောက်တွင် ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့သည် ပထမကျွန်းစပ်တန်း၏ အစိတ်အပိုင်းများဖြစ်ပြီး အမေရိကန်၏ ဗျူဟာမြောက်ရှုထောင့်အရ တရုတ်ကို ကာကွယ်ရန် ပထမဆုံးခုခံမျဉ်းဖြစ်ကြောင်း သိရသည်။