Tuesday, December 16, 2025

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်

ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က...

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများ တရားရုံးပြင်ပတွင် ရှေ့နေအဖြစ်လုပ်ကိုင်နေခြင်းကို...

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများက အမှုသည်များထံမှ ကိုယ်စားလှယ်စာယူ၍ တရားရုံးတွင် ရှေ့နေတစ်ဦးသဖွယ် လိုက်ပါဆောင်ရွက်နေခြင်းနှင့် ရှေ့နေအဖြစ် တရားရုံးပြင်ပတွင် လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန်အတွက် ရှေ့နေများအက်ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း...
HomeNewsLocal Newsအမေရိကန်က ထပ်မံတို-က်ခို-က်မည်မဟုတ်ကြောင်း အာမခံချက်များ...

အမေရိကန်က ထပ်မံတို-က်ခို-က်မည်မဟုတ်ကြောင်း အာမခံချက်များ ရရှိပါက ဆွေးနွေးပွဲများ ပြန်လည်စတင်မည်ဟု အီရန်ဆို

အမေရိကန်က ထပ်မံတို-က်ခို-က်မည်မဟုတ်ကြောင်း အာမခံချက်များရရှိပါက တီဟီရန်သည် ဝါရှင်တန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗာ့စ် အာရာချီက CBS News သို့ ပြောကြားခဲ့သည်။

“ဆွေးနွေးပွဲတွေ မြန်မြန်ဆန်ဆန် ပြန်စဖြစ်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ ပြန်ပြီး ဆွေးနွေးဖို့ ဆုံးဖြတ်ဖို့ဆိုရင် အမေရိကန်ဟာ ဆွေးနွေးပွဲကာလအတွင်းမှာ စစ်ရေးအရ တို-က်ခို-က်မှုတွေ ပြန်မလုပ်ဘူးဆိုတာကို အရင်ဆုံး သေချာအောင် လုပ်ရပါမယ်။ ဒီအချက်အလက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချဖို့အတွက် အချိန်ပိုလိုပါသေးတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက တီဟီရန်နှင့် ဝါရှင်တန်တို့ ယခုသီတင်းပတ်အတွင်း ဆွေးနွေးပွဲများ ပြုလုပ်မည်လားဟူသော မေးခွန်းကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

အာရာချီ၏ ပြောကြားချက်အရ အစ္စရေးနှင့် ၁၂ ရက်ကြာ လက်နက်ကိုင်ပဋိပက္ခအတွင်း အီရန်သည် “ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိကြောင်း ပြသခဲ့ပြီး သက်သေပြခဲ့ပါတယ်။ ကျွန်တော်တို့အပေါ် ရန်လိုတို-က်ခို-က်မှုတွေ ရှိလာခဲ့ရင်လည်း ဆက်ပြီး ကာကွယ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ အမေရိကန်နှင့် ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မလားဟု မေးမြန်းရာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက “သံတမန်ရေးရာ တံခါးတွေဟာ ဘယ်တော့မှ ပိတ်သွားမှာ မဟုတ်ပါဘူး” ဟု မှတ်ချက်ပြုခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့တွင် သမ္မတ ဒေါ်နယ်လ် ထရမ့်က အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့သည် နောက်တစ်ပတ်တွင် နျူကလီးယားဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဇွန်လ ၂၈ ရက်နေ့တွင် NBC News ရုပ်သံလိုင်းက အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ဇကော့ဖ်သည် လာမည့်ရက်များအတွင်း အီရန်ကိုယ်စားလှယ်များနှင့် ဖြစ်နိုင်ခြေရှိသော နျူကလီးယားအစီအစဉ် သဘောတူညီချက်နှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ရုပ်သံလိုင်း၏ ဖော်ပြချက်အရ ဆွေးနွေးပွဲများတွင် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးသည့်အတွက် အီရန်တွင်ယူရေနီယမ်သန့်စင်ခြင်းများရပ်ဆိုင်းရန်ကိစ္စကို ဆွေးနွေးမည်ဖြစ်သည်။ အီရန်အာဏာပိုင်များကမူ ယူရေနီယမ်သန့်စင်ခြင်းအပါအဝင် ငြိမ်းချမ်းသော နျူကလီးယားအစီအစဉ်ကို မည်သည့်အခါတွင်မျှ စွန့်လွှတ်မည်မဟုတ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။

ဧပြီလမှ မေလအထိ အီရန်နှင့် အမေရိကန်အရာရှိများသည် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ငါးကြိမ်တိုင်တိုင် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း အစ္စရေး၏ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုနှင့် အမေရိကန်၏ အီရန်နျူကလီးယားစက်ရုံများအပေါ် တို-က်ခို-က်မှုများကြောင့် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်သည် ရပ်တန့်သွားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာတပ်ဆင်လျက်ရှိပြီး တပ်ဆင်ချိန်(၁၂)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံတော် ယာယီသမ္မတလှူဒါန်းထားသော တံတားအကျယ်(၁၂)ပေ (၈)လက်မ၊ အရှည် (၁၀၀)ပေရှိ ယာယီဘေလီသံပေါင်တံတားကို တပ်ဆင်နေခြင်းဖြစ်ကာ ဘုရားပွဲတော်ကျင်းပစဉ်ကာလတစ်လျောက်အသုံးပြုသွားမည်ကြောင်း သိရသည်။ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း(၈၆)ရက်ကြာ အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို ရပ်ဆိုင်းလိုက်သည်။ ကမ္ဘောဒီးယားတပ်များသည် ထိုင်းနယ်မြေအတွင်းရှိ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများသုံးကာ တို-က်ခို-က်နေသဖြင့် လိုအပ်ချက်အရ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေဒမ် ဆူရာဆန့် ကွန်ဆရီက ပြောကြားခဲ့သည်။ ယင်းသို့ ရပ်ဆိုင်းမိန့်ထုတ်ရခြင်း၏ အဓိကအကြောင်းရင်းသည် လာအိုမှတဆင့် တင်ပို့လိုက်သော လောင်စာဆီနှင့် ပစ္စည်းကိရိယာများကို စစ်ရေးကိစ္စရပ်များ အတွက်အသုံးပြုရန် ကမ္ဘောဒီးယားသို့ ပေးပို့နေကြောင်း ထောက်လှမ်းရေးသတင်းများက ဖေါ်ပြနေသောကြောင့်ဖြစ်ကြောင်း...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်

ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာ ၁၆ ရက်က အသိပေးခဲ့သည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီဟု သတင်းမှားများထုတ်လွှင့်နေခြင်းသည် မကြာမှီကျင်းပမည့် ရွေးကောက်ပွဲအားနှောင့်ယှက်လို၍ အချိန်ကိုက်လုပ်ကြံဖြန့်ဝေနေခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071