Thursday, June 19, 2025

ပဲခူးတွင် ရေကြီးရေလျှံမှုအတွက် ရည်ရွယ်ကာ ရှာဖွေကယ်ဆယ်ရေးတပ်စုများ...

ပဲခူးတိုင်းဒေသကြီး၌ ရေကြီးရေလျှံမှုများဖြစ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တစ်မြို့နယ်လျှင် (၃၅) ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားသည်။ ထို့ပြင် ရေကြီးနစ်မြုပ်မှုများ ဖြစ်လာပါက ဒေသခံများကို...

ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လိုင်စင်များကို နေပြည်တော်(ရုံးချုပ်)...

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် မိုင်းရှူးမြို့တို့တွင် လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင်...

ကြက်ခြေနီအသင်းက မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ရာတို့၌အသုံးပြုရန် အလှူငွေများပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာတိုက်သစ်ကျောင်းအား ကျပ်သိန်း(၅၀၀)၊...

ရုရှားနှင့်ယူကရိန်း ဇွန်၂၂ နောက်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ဖြစ်

စိန့်ပီတာစဘတ်၊ ဇွန် ၁၉ ရုရှားနှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းသူများသည် ဇွန်လ ၂၂ ရက်‌နေ့နောက်ပိုင်းတွင် တို-က်ရို-က်ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် ပြင်ဆင်ထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeInternationalအမေရိကတွင် မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေအနေကြေညာ

အမေရိကတွင် မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေအနေကြေညာ

အမေရိကတွင် မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေအနေကြေညာ

အမေရိကန်ပြည်ထောင်စု၌ မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။ဗုဒ္ဓဟူးနေ့အထိ အမေရိကန်၏မျောက်ကျောက်ဖြစ်ပွားမှုသည် စုစုပေါင်းအရေအတွက် ၆,၆၀၀ ရှိပြီဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ နောက်တစ်ဆင့်တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီး အမေရိကန်နိုင်ငံသားတိုင်းကိုလည်း မျောက်ကျောက်ရောဂါကို ပေါ့ပျက်ပျက်မလုပ်ဖို့ တိုက်တွန်းလိုပါတယ်” ဟုကျန်းမာရေးနှင့်လူသားဝန်ဆောင်မှုဝန်ကြီး Xavier Becerra ကပြောကြားခဲ့သည်။


ယခုကြေငြာချက်သည် ရောဂါကိုတုံ့ပြန်ရန်လိုအပ်သော ကူးစက်မှုအချက်အလက်များကိုပိုမိုရရှိစေမည်ဖြစ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများညွှန်ကြားရေးမှူး Rochelle Walensky ကပြောခဲ့သည်။အမေရိကန်အစိုးရအနေဖြင့်လည်း ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် ဖိအားပေးခံနေရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို “နိုင်ငံတကာဆိုင်ရာအရေးပေါ်အခြေအနေ” ဟု ကြေညာထားပြီး ထိုကြေငြာချက်သည်အမြင့်ဆုံးသတိပေးချက်အဆင့်ဖြစ်သည်။


ပြီးခဲ့သည့်လက WHO ၏ကြေငြာချက်သည် နိုင်ငံတကာ၌ပေါင်းစပ်ညှိနှိုင်းတုံ့ပြန်မှုကို ဖြစ်ပေါ်‌စေပြီး ကာကွယ်ဆေးနှင့်ကုသရေးက‌ဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ရန်ပုံငွေနည်းလမ်းရရှိဖို့လည်းကြိုးပမ်းခဲ့ကြသည်။

သက်ဆိုင်ရာနိုင်ငံများမှ အစိုးရများသည်လည်း ကျောက်ရောဂါအတွက် အသုံးပြုသည့် ကာကွယ်ဆေးများနှင့်ကုသမှုများကိုမျောက်ကျောက်အတွက်ပါ အသုံးဝင်သည်ဟုယူဆသဖြင့် အဆိုပါကျောက်ရောဂါကာကွယ်ဆေးများကို မျောက်ကျောက်ကာကွယ်ဆေးအဖြစ် ထိုးနှံခြင်းမျိုးလုပ်ဆောင်လျက်ရှိကြသည်။အမေရိကန်အစိုးရသည်လည်း ကူးစက်နိုင်မှုအန္တရာယ်အများဆုံးရှိသည့် လူ ၁ ဒသမ ၆ သန်းကျော်ကို ကာကွယ်ဆေးထိုးရန် ရည်ရွယ်ထားကြောင်း Walensky ကပြောကြားခဲ့သည်။


ကလီဖိုးနီးယား၊ အီလီနွားနှင့် နူးယော့ခ်တို့၌ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မျောက်ကျောက်ရောဂါအပေါ် တုံ့ပြန်မှုကို ညှိနှိုင်းဆောင်ရွက်ရန် ပြည်ထောင်စုအရာရှိနှစ်ဦးကိုလည်းတာဝန်‌ပေးခဲ့သည်။

ယခုရောဂါကို ၁၉၅၈ ခုနှစ်၌ မျောက်များတွင်စတင်တွေ့ရှိခဲ့ပြီး လူများသို့ကူးစက်ရာတွင်လည်း ဖျားခြင်း၊ကိုက်ခဲခြင်း နှင့် အရေပြားအနာများဖြစ်ခြင်းစသည့် အပျော့စားလက္ခဏာများသာရှိခဲ့ကာ နှစ်ပတ်မှလေးပတ်အတွင်း ပြန်လည်သက်သာလာလေ့ရှိသည်ဟု WHO ကဆိုသည်။၎င်းသည်ကိုယ်ချင်း အနီးကပ်ထိတွေ့မှုမှတစ်ဆင့်ပျံ့နှံ့သွားပြီး အသက်ဆုံးရှုံးနိုင်‌ ခြေလည်းနည်းသည်ဟုဆိုသည်။

Source – Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတွင် ရေကြီးရေလျှံမှုအတွက် ရည်ရွယ်ကာ ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထား

ပဲခူးတိုင်းဒေသကြီး၌ ရေကြီးရေလျှံမှုများဖြစ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တစ်မြို့နယ်လျှင် (၃၅) ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားသည်။ ထို့ပြင် ရေကြီးနစ်မြုပ်မှုများ ဖြစ်လာပါက ဒေသခံများကို ဘေးလွတ်ရာ အလွယ်တကူပြောင်းရွှေ့နိုင်ရန် စက်လှေများကိုလည်း အသင့်ပြင်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်ကလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်လုပ်ဆောင်နိုင်ရန် ပဲခူးတိုင်းဒေသကြီး၌ ရေဘေးကယ် ဆယ်ရေးဇာတ်တို-က် လေ့ကျင့်ခဲ့ကြသေးသည်။ မန္တလေး ငလျင်လှုပ်ခတ်ပြီးနောက် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အချို့တွင် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်ခြင်း၊ ရေပြင်ကယ်ဆယ်ရေးသင်တန်းများနှင့် ရေပြင်သက်ကယ်လှေမောင်းနှင်ခြင်းသင်တန်းများကို လေ့ကျင့်လျက်ရှိသည်ကို တွေ့ရသည်။

ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လိုင်စင်များကို နေပြည်တော်(ရုံးချုပ်) အပါအဝင် မြို့ (၄) မြို့တွင် လျှောက်ထားနိုင်

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် မိုင်းရှူးမြို့တို့တွင် လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်ပေါင်း (၅,၆၀၀)ကျော် ထုတ်ပေးထားကြောင်းလည်း သိရသည်။ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ချထားပေးလျက်ရှိသော ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ ကျောက်မျက်ရတနာ အချောထည်နှင့် ရုပ်တု/ရုပ်ထွင်းများပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်း၊ အချောများရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်များကို ချထားပေးလျက်ရှိကြောင်း သိရသည်။

ကြက်ခြေနီအသင်းက မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အလှူငွေများလှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ရာတို့၌အသုံးပြုရန် အလှူငွေများပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာတိုက်သစ်ကျောင်းအား ကျပ်သိန်း(၅၀၀)၊ ရတနာသိင်္ဂီ(ပရဟိတ)သီလရှင်စာသင်တိုက်အား ကျပ်သိန်း(၅၀၀)၊ ခရစ္စတီယာန်တို့အားမှိုင်းမတော်မူသော သခင်မဘုရားကျောင်းအား ကျပ်သိန်း(၂၅၀)၊ အောင်မြေသာစံမြို့နယ်ရှိ ခရစ်တော်ဘွဲ့ခံ ကသီဒြယ်ဘုရားကျောင်းအား ကျပ်သိန်း(၁၀၀)တို့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာရှိ စိန့်ဂျော်ကင်နှင့် စိန့်အန်နားကက်သလစ် ခရစ်ယာန်ဘု ရားကျောင်းအား ကျပ်သိန်း(၁၅၀)၊ အမရပူရမြို့နယ် ဗုံးအိုးကျေးရွာရှိ ဗုံးအိုးအရှေ့ဗလီအား ကျပ်သိန်း(၂၅၀)၊ အစ္စလာမ် ဇာရိုကီရာစာသင်ကျောင်းအား ကျပ်သိန်း(၂၅၀)၊ အောင်မြေသာစံမြို့နယ်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071