Saturday, June 7, 2025

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က...

ငလျင်ကြောင့် စာမေးပွဲပြန်ဖြေရမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက်...

အင်အားပြင်း မန္တလေးငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလေ-ာင်ပျ-က်ဆီးခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီး (၃)ခုမှ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၃၅,၉၂၂) ဦး နှင့်...

စစ်ကိုင်းမြို့ရှိ ငလျင်ထိစာသင် ကျောင်းဆောင် (၂)ဆောင်မြန်မာနိုင်ငံ...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဒီဇယ်) ကျောင်းခန်းမတွင် ဇွန်လ (၅)ရက်၊ မွန်းလွဲ (၁)နာရီခွဲက စာသင်ကျောင်းဆောင် (၂)ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံ ကိန်းများ အရှိန်အဟုန်ဖြင့်ဆက်လက်အကောင်အ...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံ ကိန်းများ အရှိန်အဟုန်ဖြင့်ဆက်လက်အကောင်အ ထည်ဖော်ရေးအတွက် ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီး မစ္စ...
HomeNewsLocal Newsအမိနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် အတူတကွပေါင်းစည်းနေထိုင်ကြသူများဖြစ်၍...

အမိနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် အတူတကွပေါင်းစည်းနေထိုင်ကြသူများဖြစ်၍ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်သွေးတစ် သားတည်းတစ်စိတ်တစ်ဝမ်းတည်းဖြင့် အတူတ ကွလက်တွဲ ကြိုးပမ်းဆောင်ရွက်ရမည်

အမိနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် အတူတကွပေါင်းစည်းနေထိုင်ကြသူများဖြစ်၍ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်သွေးတစ် သားတည်းတစ်စိတ်တစ်ဝမ်းတည်းဖြင့် အတူတ ကွလက်တွဲ ကြိုးပမ်းဆောင်ရွက်ရမည်

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၂၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)၊လားဟူဒီမိုကရက်တစ်အ စည်းအရုံး(LDU)နှင့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များအား နေပြည်တော်၌လက်ခံတွေ့ဆုံစဥ် ဆွေး နွေးပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော် မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရန် တိုင်းရင်း သားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင် မြင့်၌ ယခုထက် ပိုမိုပါဝင်လာရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် အနာဂတ်၌ တိုင်းရင်းသားများ နိုင်ငံရေးစင်မြင့်ပေါ်သို့ရောက်ရှိလာစေရန် ကြိုတင်ပြင် ဆင်ဆောင်ရွက်သင့်သည်များနှင့်အစိုးရအနေ ဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအပြင် လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့်လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူ များ ကျယ်ပြန့်စွာပါဝင်လာရန် ဆောင်ရွက်ရာ၌ နိုင်ငံရေးပါတီအမျိုးအစားအလိုက် ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

“အမိနိုင်ငံတော်တည်းဟူတဲ့ အရိပ်အာဝါသ အောက်မှာ အတူတကွပေါင်းစည်းနေထိုင်ကြသူတွေဖြစ်တာကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရက် တစ်သွေး တစ်သားတည်း တစ်စိတ်တစ်ဝမ်းတည်းနဲ့ စိတ်တူကိုယ်တူ သဘောထားတူညီစွာနဲ့ အတူတကွလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ်(NCA)တို့အားအခြေခံ၍ ငြိမ်း ချမ်းရေးလမ်းကြောင်းအား ဆက်လက်ဖော်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌကဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် နစက အနေဖြင့် နိုင်ငံတော်တာဝန်များထမ်းဆောင်နေချိန်တွင် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းသားဒေသ များအနေဖြင့်လည်း ယင်းအခွင့်အရေးအား အမိအရ ရယူ၍အပြည့်အဝအသုံးချကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအား ကြိုးပမ်းဆောင်ရွက်စေလိုသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“တူညီတဲ့ သဘောထားအမြင်တွေ ရရှိစေဖို့ကို ဆွေးနွေးအဖြေရှာပြီး ဒေသကတဆင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအထိ ညီညီညွတ်ညွတ်နဲ့ ကြိုး ပမ်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ကြိုးပမ်းဆောင်ရွက်သွားရင် ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

 

ထို့ကြောင့် ယခု ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုပြီးလျှင် ရရှိလာသည့် သဘောထားဆန္ဒများအလပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ရှေ့ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မည့် နိုင်ငံရေးလမ်း ကြောင်းပုံစံအတွက် ကြိုတင်သဘောတူညီမှုများ ရယူခြင်း၊ညှိနှိုင်းခြင်းများအား အချိန်ယူ၍ အသေးစိတ်ဆောင်ရွက်သွားရမည်ဟု ပြောသည်။

 

အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌခွန်သူရိန်၊ လားဟူဒီမိုက ရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌကျာဆော်လမွန်၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းနှင့်အဖွဲ့ဝင်များကလည်း ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။

 

ဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဒု-ဗိုလ်ချုပ်ကြီးရာပြည့် တို့တက်ရောက်ခဲ့ကြသည်။

 

အလားတူ PNLO ဥက္ကဋ္ဌ ခွန်သူရိန်၊ဒု-ဥက္ကဋ္ဌ ခွန်ထွန်းတင်၊ LDU ဥက္ကဋ္ဌကျာဆော်လမွန်၊အထွေ ထွေအတွင်းရေးမှူးကျာယာကုတ်၊ ALP ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ခိုင်စိုးမြ တို့လည်းတက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို သုဝဏ္ဏအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံတွင် ကျင်းပစဉ် ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် လက်ဝှေ့ပြိုင်ပွဲအတွက် ကစားသမားစေလွှတ်ရန် ကိစ္စများကိုလည်းထည့် သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်မှ (၂၀)ရက်အထိ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့၊...

ငလျင်ကြောင့် စာမေးပွဲပြန်ဖြေရမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက် နိုင်ငံတော်မှ ဘီလီယံ (၂၀) ထောက်ပံ့

အင်အားပြင်း မန္တလေးငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလေ-ာင်ပျ-က်ဆီးခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီး (၃)ခုမှ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၃၅,၉၂၂) ဦး နှင့် အနီးကပ်သင်ကြားပေးသည့် ဆရာ/ဆရာမ (၆,၇၂၉) ဦးအတွက် စုစုပေါင်း ငွေကျပ်ဘီလီယံ (၂၀) ထောက်ပံ့ပေးထားကြောင်း နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။ ဇွန်လ (၆) ရက်က ကျင်းပသည် အမျိုးသားသဘာဝဘေးအန္တာရာယ်ဆိုင်ရာကော်မတီအစည်းဝေးမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ...

စစ်ကိုင်းမြို့ရှိ ငလျင်ထိစာသင် ကျောင်းဆောင် (၂)ဆောင်မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းက လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဒီဇယ်) ကျောင်းခန်းမတွင် ဇွန်လ (၅)ရက်၊ မွန်းလွဲ (၁)နာရီခွဲက စာသင်ကျောင်းဆောင် (၂)ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပေးအပ်လှူဒါန်းရာတွင် တက်ရောက်လာကြသူများက ငလျင်ဘေးသင့်၍ ပျံလွန်တော်မူသွားကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကွယ်လွန်သွားကြသော လူပုဂ္ဂိုလ်များအား ရည်စူး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် မတ်တပ်ရပ်ငြိမ်သက်ဂါရဝပြုကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က စာသင်ကျောင်းဆောင် (၂)ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် စပ်လျဉ်း၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071