Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesအဘိုးကြီး နဲ့အဘွားကြီး

အဘိုးကြီး နဲ့အဘွားကြီး

အဘိုးကြီးက အိပ်ရာကနိုးပြီဆိုရင် ကိုယ်လက်သန့်စင်တယ်။ အောက်ထပ်ဆင်းပြီး ရေတင်တဲ့ မော်တာတွေ ဖွင့်တယ်။ ဖုန်းနှစ်လုံး ကို အားသွင်းထားတယ်။ TV သတင်း ကို နားထောင်တယ်။ အဘွားကြီးက တော့ ရေနွေးအိုးတည်တယ်။ ထမင်း အိုးတည်တယ်။ လက်ဖက်ရည်ဖျော် တယ်။ ကိတ်မုန့်ဖြစ်ဖြစ်၊ ပေါင်မုန့် ဖြစ်ဖြစ် ရှိတာနဲ့ အဘိုးကြီးစားဖို့ ကျွေးတယ်။ စားပြီးတော့ အဘိုးကြီး ဟာ သတင်းနားထောင်ရင်း ဘုရား စာတွေ ရွတ်တယ်။ ရေပြည့်မပြည့် ကိုလည်း နားစွင့်ထားတယ်။ အဘွား ကြီးကတော့ အိမ်ရှေ့လာတဲ့ဈေးသည် တွေဆီက ဟင်းသီးဟင်းရွက် အသား အစရှိသဖြင့် စိတ်ကူးတည့်ရာဝယ် တယ်။ ဝယ်ပြီးရင်တော့ လိုက်ဖက် မယ့် ဟင်းများ စဉ်းစားပြီး ဟင်းချက် တော့တယ်။

အဘိုးကြီးနဲ့ အဘွားကြီး တူတာ က တစ်ပတ်တစ်ခါဆီးချိုစစ်ကြတယ်။ ဆီးချိုရဲ့အဖြေအရ စကားစမြည် ပြောကြတာပေါ့။ အဘိုးကြီးရော အဘွားကြီးရော ထမင်းကတော့တော် ရုံသင့်ရုံပါ။ လမ်းများများလျှောက် ကြတယ်။ အဘိုးကြီးက အိမ်ထဲက အိမ်ပြင်ကို သိပ်မထွက်ဘဲ အိမ်ထဲမှာ ပဲ လှည့်ပတ်လျှောက်တယ်။ အဘွား ကြီးကတော့ ခေတ်မီတယ်။ ကျန်းမာ ရေးသင်တန်းတွေ တက်တယ်။ ကိုရီး ယားစက်နဲ့ အကြောအချဉ်ပြေအောင် အနှိပ်ခံတတ်တယ်။ အဘိုးကြီးက ထမင်းစားသောက်ပြီးရင် သူ့အခန်း ထဲပြန်ဝင်တယ်။ စာတွေ ဖတ်တယ်။ ကဗျာရေးတယ်။ အက်ဆေးရေး တယ်။ ဖတ်စရာတွေက များတယ်။ ကဗျာဆိုင်ရာ ဆောင်းပါးတွေရော ဘာသာရေးဆိုင်ရာ ဆောင်းပါးတွေ ပါ တွေ့သမျှ အကုန်ဖတ်နေတော့ ဖတ်ပြီးရင်း ဖတ်ရင်းပေါ့။ ရေးဖြစ် တာတွေကို ကိုယ့်ဘာသာပို့တာလည်း ရှိတယ်။ မိတ်ဆွေကဗျာဆရာတွေ ပို့ပေးတာလည်း ရှိတယ်။

အဘွားကြီးကတော့ အဘိုးကြီး နဲ့ ဘာသာရေးဆိုင်ရာမှာလည်း မတူ ပြန်ဘူး။ သူက အဘိဓမ္မာသင်တန်း တွေ တက်တယ်။ မြို့ထဲက ဘုရား တစ်ဆူဝန်းထဲမှာ သင်တဲ့သင်တန်း လည်းတက်တယ်။ ၆၂ လမ်း ဘုန်း ကြီးကျောင်းတစ်ကျောင်းမှာ သင်တဲ့ သင်တန်းလည်း တက်တယ်။ အဘိုး ကြီးနဲ့ အဘွားကြီးဧည့်ခန်းမှာ ထိုင် ရင် ဘာသံမှမကြားရဘူး။ စာအုပ် ကိုယ်စီနဲ့။ အဘွားကြီးကတော့ အဘိ ဓမ္မာဆိုင်ရာတွေအလွတ်ကျက်နေ လေရဲ့။စာမေးပွဲဖြေမလို့ဆိုလား။အဘိုးကြီးကတော့ဗလာစာအုပ်တစ် အုပ် အနားမှာအမြဲချထားတယ်။ ကမ်းစပ်မှာ ငါးရှာတဲ့ ဗျိုင်းလိုပဲ။ စဉ်း စားလို့ရတာ၊ တွေးလို့ရတာ၊ ခံစား လို့ရတာတွေကို မလွတ်တမ်း အာရုံ ဝင်စားနေသလိုပဲ။ အဲဒီအနေအထား လေးပျက်သွားတဲ့အခါကတော့ သား နဲ့သမီးတွေဆီက ဖုန်းလာတဲ့အချိန် ပဲ။ ဖုန်းလာရင်တော့ စာအုပ်တွေ ချ၊ စာဖတ်တာတွေ စာရေးတာတွေ ခဏရပ်၊ ဖုန်းသံကို နားစွင့်နေတော့ တယ်။

အဘိုးကြီးရဲ့ တစ်နေ့ မပျက် အကျင့်တစ်ခုလည်း ရှိတယ်။ မနက် ၁ဝ နာရီလောက်ဆို လမ်းထိပ် ထွက် သွားပြီး လိုအပ်တဲ့ဆေးတွေ ဆေး ဆိုင်က ဝယ်တယ်။ ဆေးဆိုင်က ဂျာ နယ်ပါရောင်းတော့ ဂျာနယ်တွေ တစ်စောင်ပြီး တစ်စောင်ဖတ်တော့ တာပဲ။ ဆိုင်ကလည်း သဘောကောင်း တယ်။ အဘိုးကြီးကို ခုံလေးတစ်လုံး ချပေးတယ်။ အဲဒီအချိန်မှာတော့ အဘွားကြီး ထမင်းချက်ပြီးပြီ။ ဟင်း ချက်ပြီးပြီ။ ရေမိုးချိုးတဲ့အလုပ်လုပ်ပြီး ပြီ။ အဘိုးကြီးက ဂျာနယ်ဖတ်ပြီးရင် လည်း အိမ်တန်းမပြန်သေးဘူး။ လက်ဖက်ရည်ဆိုင် ထိုင်သေးတယ်။ အဲဒီအချိန် လက်ဖက်ရည်ဆိုင်မှာ ကဗျာဆရာတွေ ဆုံတတ်လေ့ရှိတယ်။ ကဗျာဆရာများနဲ့ စကားစမြည်ပြော ပြီးရင်တော့ ခွေးနဲ့ကြောင်ဖို့ အစာ သွားဝယ်တယ်။ အိမ်ပြန်ရောက်ရင် ခွေးနဲ့ ကြောင်ကို အရင်ကျွေးတယ်။ ပြီး မှ ရေမိုးချိုးတယ်။ ထမင်းစားမယ် လုပ်တော့ အဘွားကြီးက ထမင်းစား ပြီးပြီ။ စားပွဲပေါ်ကအုပ်ဆောင်းထဲမှာ ဟင်းတွေ အကုန်ရှိသတဲ့။ ချက်ပေး မယ့် အဘွားကြီးကလည်း ချက်တဲ့ ဟင်းတွေ မေ့နေပြီ။ အဘိုးကြီးလည်း ခူးခပ်ကျွေးစေချင်ပေမယ့် ဆရာ အောင်သင်းစကားနဲ့ ပြောရမယ်ဆို ရင်တော့ တဖြည်းဖြည်း မီးဖိုချောင် အပိုင်စား ရလာတာဆိုတော့ ဘာရ မလဲ။ ကိုယ့်ဘာသာကိုယ်ပဲ ရှာဖွေ စားလိုက်တာပါပဲ။

ထမင်းစားပြီးရင် စာအုပ်ကိုယ် စီပြန်ကိုင်ကြပြန်ရော။ အဘွားကြီးက အဘိဓမ္မာစာအုပ်တွေနဲ့၊ အဘိုးကြီး က ကဗျာစာအုပ်တွေနဲ့။ အဘွားကြီး က တစ်ခါတစ်ခါတော့ “မငယ်တော့ ဘူး။ ကဗျာတွေပဲ ရေးမနေနဲ့တော့” လို့ ပြောတတ်တယ်။ အဘိုးကြီးက “ငါ့မှာ သိပ်အလုပ်မရှိတော့ပါဘူး ကွာ။ စာဖတ်မယ်။ စာရေးမယ်။ အချိန်ရရင် တရားလေး ဘာလေး မှတ်မယ်ပေါ့ကွာ”လို့ လေပြေလေးနဲ့ ပြောတတ်တယ်။ အေးလေ။ အိမ် ထောင်သက်လည်း လေးဆယ်ကျော် ပြီ။ အဘွားကြီးနဲ့မတူတာက အခုမှ မဟုတ်ဘဲ။ ဟိုးအိမ်ထောင်ကျစအခါ ကတည်းကပဲလို့ တွေးမိပြီး အဘိုးကြီး ဟာ ပြုံးနေလေရဲ့။ အဘိုးကြီးရဲ့ အပြုံးကို အဘိုးကြီးတစ်ယောက် ကလွဲလို့ ဘယ်သူမှ သိမှာ မဟုတ် လောက်ပါဘူး။

မောင်ကြည်သာ (တောင်တွင်း)

Ads Space Available


Continue reading

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071