မန္တလေးမြို့၏ ငလျင်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် အဆောက်အဦးများ၏ ကြံ့ခိုင်မှုကို အပြည်အပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) မှ ပညာရှင်များက စစ်ဆေးပေးနေကြောင်း သိရသည်။
ယင်းအဖွဲ့တွင် IAEA မှ ကျွမ်းကျင် ပညာရှင် (၄)ဦး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပညာရှင်များ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပညာရှင်များပါဝင်သည်။
လက်ရှိတွင် နည်းပညာတက္ကသိုလ် (မန္တလေး)နှင့် မဟာမြတ်မုနိ ဘုရားတို့ကို စက်ပစ္စည်းများနှင့် အသေးစိတ် တိုင်းတာဆန်းစစ်ခဲ့ကြကြောင်းလည်း သိရသည်။
IAEA ပညာရှင်များသည် ငလျင်ဘေး၌ စစ်ဆေးခဲ့သည့် အတွေ့အကြုံများ၊ ခေတ်မီတိုင်းတာရေး စက်ပစ္စည်းများအ သုံးပြုနည်းများကိုလည်း နည်းပညာတက္ကသိုလ် (မန္တ လေး) ၌ မျှဝေခဲ့သည်ဟု သိရသည်။