Thursday, June 19, 2025

ပဲခူးတွင် ရေကြီးရေလျှံမှုအတွက် ရည်ရွယ်ကာ ရှာဖွေကယ်ဆယ်ရေးတပ်စုများ...

ပဲခူးတိုင်းဒေသကြီး၌ ရေကြီးရေလျှံမှုများဖြစ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တစ်မြို့နယ်လျှင် (၃၅) ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားသည်။ ထို့ပြင် ရေကြီးနစ်မြုပ်မှုများ ဖြစ်လာပါက ဒေသခံများကို...

ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လိုင်စင်များကို နေပြည်တော်(ရုံးချုပ်)...

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် မိုင်းရှူးမြို့တို့တွင် လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင်...

ကြက်ခြေနီအသင်းက မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ရာတို့၌အသုံးပြုရန် အလှူငွေများပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာတိုက်သစ်ကျောင်းအား ကျပ်သိန်း(၅၀၀)၊...

ရုရှားနှင့်ယူကရိန်း ဇွန်၂၂ နောက်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ဖြစ်

စိန့်ပီတာစဘတ်၊ ဇွန် ၁၉ ရုရှားနှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းသူများသည် ဇွန်လ ၂၂ ရက်‌နေ့နောက်ပိုင်းတွင် တို-က်ရို-က်ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် ပြင်ဆင်ထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeNewsLocal Newsအပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း...

အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းတို-က်ခ-တ်နိုင်

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိနေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ဖြင့် လွှင့်စင်လာသော အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းများတို-က်ခ-တ်နိုင်သည်ဟု မိုးလေဝသဌာနခွဲ(ရန်ကုန်)က ယနေ့တွင် အသိပေးထားသည်။

ထို့အပြင် နေရာကွက်၍ မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း အသိပေးချက်အရ သိရသည်။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိနေသည့် အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟုလည်း မိုးလေဝသဌာနခွဲ(ရန်ကုန်)၏ ခန့်မှန်းထား‌ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတွင် ရေကြီးရေလျှံမှုအတွက် ရည်ရွယ်ကာ ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထား

ပဲခူးတိုင်းဒေသကြီး၌ ရေကြီးရေလျှံမှုများဖြစ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တစ်မြို့နယ်လျှင် (၃၅) ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားသည်။ ထို့ပြင် ရေကြီးနစ်မြုပ်မှုများ ဖြစ်လာပါက ဒေသခံများကို ဘေးလွတ်ရာ အလွယ်တကူပြောင်းရွှေ့နိုင်ရန် စက်လှေများကိုလည်း အသင့်ပြင်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်ကလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်လုပ်ဆောင်နိုင်ရန် ပဲခူးတိုင်းဒေသကြီး၌ ရေဘေးကယ် ဆယ်ရေးဇာတ်တို-က် လေ့ကျင့်ခဲ့ကြသေးသည်။ မန္တလေး ငလျင်လှုပ်ခတ်ပြီးနောက် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အချို့တွင် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်ခြင်း၊ ရေပြင်ကယ်ဆယ်ရေးသင်တန်းများနှင့် ရေပြင်သက်ကယ်လှေမောင်းနှင်ခြင်းသင်တန်းများကို လေ့ကျင့်လျက်ရှိသည်ကို တွေ့ရသည်။

ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လိုင်စင်များကို နေပြည်တော်(ရုံးချုပ်) အပါအဝင် မြို့ (၄) မြို့တွင် လျှောက်ထားနိုင်

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် မိုင်းရှူးမြို့တို့တွင် လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်ပေါင်း (၅,၆၀၀)ကျော် ထုတ်ပေးထားကြောင်းလည်း သိရသည်။ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ချထားပေးလျက်ရှိသော ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ ကျောက်မျက်ရတနာ အချောထည်နှင့် ရုပ်တု/ရုပ်ထွင်းများပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်း၊ အချောများရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်များကို ချထားပေးလျက်ရှိကြောင်း သိရသည်။

ကြက်ခြေနီအသင်းက မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အလှူငွေများလှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေး တိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဘာသာရေးအဆောက်အဦးများပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ရာတို့၌အသုံးပြုရန် အလှူငွေများပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာတိုက်သစ်ကျောင်းအား ကျပ်သိန်း(၅၀၀)၊ ရတနာသိင်္ဂီ(ပရဟိတ)သီလရှင်စာသင်တိုက်အား ကျပ်သိန်း(၅၀၀)၊ ခရစ္စတီယာန်တို့အားမှိုင်းမတော်မူသော သခင်မဘုရားကျောင်းအား ကျပ်သိန်း(၂၅၀)၊ အောင်မြေသာစံမြို့နယ်ရှိ ခရစ်တော်ဘွဲ့ခံ ကသီဒြယ်ဘုရားကျောင်းအား ကျပ်သိန်း(၁၀၀)တို့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာရှိ စိန့်ဂျော်ကင်နှင့် စိန့်အန်နားကက်သလစ် ခရစ်ယာန်ဘု ရားကျောင်းအား ကျပ်သိန်း(၁၅၀)၊ အမရပူရမြို့နယ် ဗုံးအိုးကျေးရွာရှိ ဗုံးအိုးအရှေ့ဗလီအား ကျပ်သိန်း(၂၅၀)၊ အစ္စလာမ် ဇာရိုကီရာစာသင်ကျောင်းအား ကျပ်သိန်း(၂၅၀)၊ အောင်မြေသာစံမြို့နယ်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071