Friday, December 12, 2025

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium...

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့်...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ယမန်နေ့က ဗီယက်နမ်အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ မကျော်လွန်ခဲ့သည့်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့ပြီ...
HomeNewsLocal Newsအပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတွင်...

အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတွင် သစ်ပင် ၃သာင်းခွဲခန့် စိုက်ပျိုး

နိုင်ငံတော်အဆင့် ပထမအကြိမ်အဖြစ်အပူပိုင်းဒေသ(၁၃)ခရိုင်မှ မြို့နယ်(၂၉)မြို့နယ် တွင် ယနေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက တစ်ပြိုင်တည်းပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း(၃၄,၉၅ဝ)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့၌ကျင်းပရာ နစက ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင်ကာကွယ်တောတွင်ပါဝင် စိုက်ပျိုးပေးခဲ့သည်။

နစက ဥက္ကဋ္ဌမှ မိတ္ထီလာဒေသအပါအဝင် အညာဒေ သ(၁၃)ခရိုင်သည် နှစ်စဉ်နှစ်တိုင်းရာသီဥတုပူပြင်းသည့်ဒဏ်ကိုခံစားကြရကာ ၂၀၂၄ ခုနှစ်တွင် ပုဂံ၊ ချောက်၊ ရေနံချောင်း၊ မင်းဘူးဒေသများမှာ ကမ္ဘာတွင်အပူဆုံးဒေသများအဖြစ် မှတ်တမ်းဝင်ခဲ့သဖြင့် ရာသီဥတုပူပြင်းမှုကို တစ်ဖက်တစ်လမ်းမှလျှော့ချနိုင်ရန် သစ်ပင်စိုက်ပျိုးခြင်းအား နည်းလမ်းတစ်ခုအနေဖြင့်ဖြေရှင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယနေ့ ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတွင် နစက ဥက္ကဋ္ဌတက်ရောက်ခဲ့သည့် လိန်တောကြိုးပြင်ကာကွယ်တော၌ တမာ၊ စိန်ပန်း၊ ကုက္ကိုလ်၊ မယ်ဇယ်၊ ဒဟတ်၊ ယင်းမာစသည့် သစ်မျိုး(၆)မျိုး၏ ပျိုးပင်ပေါင်း(၃၂၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းပညာရေးတက္ကသိုလ်၌(၇၅၀)ပင်၊ မြင်းမူမြို့၊ အ.ထ.က(၂)၌(၆၀၀)ပင်၊ မုံရွာမြို့၌ (၁,၀၅၀)ပင်၊ ရွှေဘိုတက္ကသိုလ်၌(၃,၀၀၀)ပင်၊ ယင်းမာပင်မြို့နယ်၊ ကွန်ပျူတာတက္ကသိုလ်၌(၆၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်း၊ မကွေး-ကံပြားသွားကားလမ်းဘေး၌ (၂,၇၀၀)ပင်၊ မကွေး-ရေနံချောင်းကားလမ်း၏ မိုင် တိုင်အမှတ် ၃၅၇/၅ ရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန်၌(၄,၀၀၀)ပင်၊ ဂွေးချို-ချောက်လမ်းဘေး၊ ဆင်ကကြိုးပြင်ကာကွယ်တော၌(၄,၀၀၀)ပင်၊ မကွေး-ကံပြားသွားကားလမ်း၏ မိုင်တိုင်အမှတ် ၃၆/၅ ၌ (၆၀၀)ပင်၊ ဆတ်သွား-ဆင်ပေါင်ဝဲခရိုင်ချင်းဆက်လမ်းဘေး၌(၆၀၀)ပင်၊ လေးပင်အိုင်မကြိုးပြင်ကာကွယ်တောအတွင်း(၁,၀၅၀)ပင်တို့ကို စုပေါင်းစိုက် ပျိုးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်းရှိ ကျောင်းတော်ရာကျေးရွာပိုင်မြေနေရာ၌(၃၀၀)ပင်၊ အ.ထ.က(ခွဲ)(မင်းလွင်)၌ (၃၀၀)ပင်၊ တည်ဘိုကန်ကြိုးပြင်ကာကွယ်တော၌ (၃၀၀)ပင်၊ အ.ထ.က(၂)(ပခုက္ကူ)၌(၆၀၀)ပင်၊ ရွှေဟင်္သာဘုရားသွားလမ်းဘေး၌(၃၀၀)ပင်၊ သရက်-မင်းလှသွားကားလမ်း၏ မိုင်တိုင်အမှတ် ၄၄/၃ ၌ (၆၀၀)ပင်၊ ဘွက်ကြီးရေပေါ်ကြိုးဝိုင်း၏ အကွက်အမှတ်(၆၁)၌(၉၀၀)ပင်၊ အောင်လံ-တောင်တွင်းကြီးသွားကားလမ်း၏ မိုင်တိုင်အမှတ် ၂၅၅/၂ ရှိ တောပုန်းကြိုးပြင်ကာကွယ်တော၌(၆၀၀)ပင်၊ ပုသိမ်-မုံရွာသွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၅၁/၂ နှင့် ၁၅၁/၃ ကြား စီကျေးရွာ၌(၆၀၀)ပင်တို့ကိုလည်းစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထို့အတူ မန္တလေးတိုင်းရှိ အစိုးရနည်းပညာအထက် တန်းကျောင်း၌(၁,၂၀၀)ပင်၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)၌(၆၀၀)ပင်၊ အ.ထ.က(၃)(မြင်းခြံ)၌ (၆၀၀)ပင်၊ ညောင်ဦးမြို့နယ်၌(၃,၀၀၀)ပင်၊ ကျောက်ပန်းတောင်း-ညောင်ဦးသွားကားလမ်း၏ မိုင်တိုင်အမှတ် ၄/၀ ၌(၆၀၀)ပင်၊ မိတ္ထီလာ-တောင်ကြီးသွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၈/၀ ၌ (၆၀၀)ပင်၊ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် ၃၁၄/၀ အနီး၌(၁,၂၀၀) ပင်၊ မိုင်တိုင်အမှတ် ၂၈၀/၀ အနီး၌(၅၀၀)ပင်တို့ကိုလည်းစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု ထပ်မံရရှိ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု ကို ထပ်မံဆွခူးနိုင်ခဲ့ကြောင်းသိရသည်။ SEA Games Thailand 2025 ၏ Canoeing ပြိုင်ပွဲများမှ ကျင်းပပြီးစီးခဲ့သော အမျိုးသားလေးယောက်လှော် ၂၀၀ မီတာ (Men's Canoe Four 200m - C4 200m) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အားကစားသမားများဖြစ်သည့် ကျော်ဇေယျ ၊မျိုးလှိုင်ဝင်း၊ ထွဋ်ခေါင်ဇော်နှင့် သန့်ဇင်ဦးတို့က...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု မီးသတ်တပ်ဖွဲ့က ဆိုသည်။ ဇာတ်တိုက်လေ့ကျင့်မှုကို  နေပြည်တော်မီးသတ်ဦးစီးမှူးရုံးအပါအဝင် ခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းများမှ ပိုလန်နိုင်ငံထုတ် ခေတ်မီ မီးငြှိမ်းသတ်ယာဉ်များဖြစ်သည့် LUF 60 (၂)စီး၊ LUF Micro (၁)စီး၊ LUF Nano (၁)စီး၊...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်ပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများ၊ မဲဆန္ဒရှင်များနှင့်တွေ့ဆုံစဥ် USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ "အခြေခံလူတန်းစားတွေ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင် USDP ပါတီကဦးဆောင်ပြီး ဆောင်ရွက်သွားမယ်လို့ကတိသစ္စာပြုပါတယ်"ဟု USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်က ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရန် နိုင်ငံတော်အစိုးရမှ အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071