Thursday, May 15, 2025

ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုလေ့လာဆွေးနွေးနိုင်မည့် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား...

ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှဦးစီး၍ လာမည့် မေ ၂၄ ရက်တွင် နံ နက် ၉...

သဘာဝဘေးနှင့် ပတ်သက်၍ ထိခို-က်မှုများ၊ ပျ-က်စီးဆုံးရှုံးမှုများမဖြစ်ပေါ်နိုင်ရေးအတွက်...

မိုးဦးကာလရောက်ရှိလာပြီ ဖြစ်သည့်အတွက် သဘာဝဘေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း ထိခို-က်မှုများ၊ ပျ-က်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ်က မှာကြားသည်။ ယမန်နေ့ မေ (၁၄) ရက်က...

MH17 လေယာဉ်ကိစ္စလွတ်လပ်စွာ စုံစမ်းစစ်ဆေး‌ရေးကိုကူညီရန် ရုရှားအသင့်ရှိ–အန်ဝါ

မလေးရှားလေကြောင်းလိုင်း၏ MH17 လေယာဉ်ပစ်ချခံရမှုတွင် ရုရှား၌တာဝန်ရှိသည်ဟု ကုလသမဂ္ဂ လေကြောင်းဆိုင်ရာကောင်စီက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရာတွင် ရုရှားနိုင်ငံက ကူညီရန်အသင့်ရှိနေသည်ဟု...

တကျော့ပြန် ရွေးကောက်ခံ သြဇီဝန်ကြီးချုပ်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ်...

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်သည် မေလ ၃ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ရက်ရှည်ခရီးစဉ်မျိုးမဟုတ်ဘဲ မစ္စတာ...
HomeInternationalအနောက်အုပ်စုအနေဖြင့် ယူကရိန်းသို့တင့်ကားများပေးခြင်းက စစ်ပွဲ၌...

အနောက်အုပ်စုအနေဖြင့် ယူကရိန်းသို့တင့်ကားများပေးခြင်းက စစ်ပွဲ၌ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းဖြစ်ဟု ရုရှားဝေဖန်

ရုရှားနှင့်စစ်ပွဲ၌ အနောက်အုပ်စုအနေဖြင့် ယူကရိန်းသို့တင့်ကားများပို့ပေးမည်ဟူသော ကြေငြာချက်အား ရုရှားက အဆိုပါလုပ်ရပ်သည် စစ်ပွဲ၌တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမျိုးဖြစ်သည်ဟု ပြောကြားကာ ဝေဖန်ရှုံ့ချခဲ့သည်။

ယခုပြောကြားချက်သည် ဂျာမနီကယူကရိန်းသို့ leopard 2 တင့်ကား ၁၄ စီး လွှတ်ရန်အတည်ပြုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ယင်းနောက် ကန်သမ္မတကလည်း အမေရိက၏အင်အားအကြီးဆုံး အက်ဘရမ်စ်တင့်ကား ၃၁ စီးကိုပို့မည်ဟုလည်းကြေငြာခဲ့သည်။

ဥရောပနှင့်အမေရိက တို့က တင့်ကားများနှင့်လက်နက်အမျိုးအစားအမျိုးမျိုးကို ယူကရိန်းသို့ပေးပို့ခြင်းသည် ရုရှား – ယူကရိန်းအရေး၌ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမျိုးဖြစ်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချသည်ဟု ခရင်မလင်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

“ဒီလုပ်ရပ်ကပဋိပက္ခကိုပိုကြီးမားလာစေမှာပါ၊လက်ခံနိုင်စရာအကြောင်းမရှိပါဘူး” ဟုလည်းပြောကြားခဲ့ပြီး ယခုထုတ်ပြန်ချက်သည် ဂျာမနီနှင့်အမေရိကတို့၏ တင့်ကားနှင့်လက်နက်ပေးပို့မှုကြေငြာချက်အား ရုရှားက ပထမဆုံးတုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

Source : WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုလေ့လာဆွေးနွေးနိုင်မည့် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား ရန်ကုန်မြို့၌ကျင်းပမည်

ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှဦးစီး၍ လာမည့် မေ ၂၄ ရက်တွင် နံ နက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား ဝင်ကြေးအခမဲ့ဖြင့် လာရောက်လေ့လာနိုင်ကာ ထိုင်းနိုင်ငံရှိ နိုင်ငံတကာအဆင့်မီတက္ကသိုလ်(၂၀)ခုက ပါဝင်ပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှကျောင်းသား၊ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များ၊ ပညာရေးအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များထံမှ သတင်းအချက်အလက်များရယူနိုင်မည်ဖြစ်ကာ တိုက်ရိုက်ဆွေးနွေးမှုများလည်းပြုလုပ်နိုင်မည်ဖြစ်ကြောင်း ရသည်။ ထို့ပြင် ထိုင်းနိုင်ငံရှိ St Teresa International University ၊Stamford University၊...

သဘာဝဘေးနှင့် ပတ်သက်၍ ထိခို-က်မှုများ၊ ပျ-က်စီးဆုံးရှုံးမှုများမဖြစ်ပေါ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မှာကြား

မိုးဦးကာလရောက်ရှိလာပြီ ဖြစ်သည့်အတွက် သဘာဝဘေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း ထိခို-က်မှုများ၊ ပျ-က်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ်က မှာကြားသည်။ ယမန်နေ့ မေ (၁၄) ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ထိုသို့ မှာ ကြားခြင်း ဖြစ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က သဘာဝဘေးနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ စီမံခန့်ခွဲမှုများကို စဉ်ဆက်မမြတ် ဆောင်ရွက်သွားကြရန်၊ ယခင်ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ဆောင်ရွက်ခဲ့သော အခြေအနေများကို သင်ခန်းစာဖော်ထုတ်ပြီး ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်မှုများလိုကြောင်း ဆိုသည်။ ထို့ပြင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့်...

MH17 လေယာဉ်ကိစ္စလွတ်လပ်စွာ စုံစမ်းစစ်ဆေး‌ရေးကိုကူညီရန် ရုရှားအသင့်ရှိ–အန်ဝါ

မလေးရှားလေကြောင်းလိုင်း၏ MH17 လေယာဉ်ပစ်ချခံရမှုတွင် ရုရှား၌တာဝန်ရှိသည်ဟု ကုလသမဂ္ဂ လေကြောင်းဆိုင်ရာကောင်စီက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရာတွင် ရုရှားနိုင်ငံက ကူညီရန်အသင့်ရှိနေသည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောကြားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကင်းသော စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အခိုင်အမာ ပြောကြားခဲ့သည်ဟု အန်ဝါက ဆိုသည်။ “ပိုမိုယုံကြည်စိတ်ချရတဲ့ ဒါမှမဟုတ် ပိုမိုခိုင်လုံသေချာတဲ့ အစီရင်ခံခစာရရှိဖို့အတွက် လိုအပ်တာ အားလုံးကို ပူးပေါင်းဆောင်ရွက်သွားဖို့ ရုရှားက အသင့်ရှိနေပါတယ်” ဟု မော်စကိုသို့ အလည်အပတ်ရောက်ရှိနေသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071