Tuesday, February 3, 2026

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု...

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည်...

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့်...

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့်...

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း...
HomeNewsEntertainment Newsအနုပညာရှင်တို့ရဲ့ ငြိမ်းချမ်းရေး စကားသံ...

အနုပညာရှင်တို့ရဲ့ ငြိမ်းချမ်းရေး စကားသံ (၁)

စစ်ဆိုရင် ဘယ်စစ်ပွဲမှ ကောင်း ကျိုးမပေးဘဲ ဆိုးကျိုးသာပဲဖြစ်တည် စေတာ ကမ္ဘာမှာရော မြန်မာပြည်မှာ ပါ သိသာထင်ရှားစွာ မြင်တွေ့နေကြ ရပြီမဟုတ်ပါလား။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူ ဖြစ်ပွားတည်ရှိ ခဲ့တဲ့ ပြည်တွင်းစစ်ကလည်း နှစ် ၇ဝ တိုင်ရှိနေပြီဖြစ်တာကြောင့် ကမ္ဘာမှာ နှစ်ကာလအရှည်ဆုံးပြည်တွင်းစစ် ဖြစ်နေတာက အမှန်တကယ်ပါ။ အခု ဆိုရင် မြန်မာပြည်မြောက်ပိုင်းမှ က ချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက် တွေမှာ စစ်ပွဲတွေ အရှိန်ဟုန်မြှင့်ဖြစ် ပွားခဲ့မှုကြောင့် စစ်ပွဲအတွင်း ပိတ်မိ သူတွေရော စစ်ဘေးရှောင်အတိ ဒုက္ခရောက်နေကြသူတွေပါ များပြား လျက်ရှိနေတာမို့ စစ်ပွဲရဲ့ ဆိုးကျိုး ဒဏ်ကို အဓိကခံစားကြရတာက ပြည်သူပြည်သားတွေ ဖြစ်ကြသလို စစ်ခင်းကြသူများကလည်း ကိုယ့် သွေးချင်းညီအစ်ကိုများဖြစ်နေတာ ကြောင့် ဘယ်သူမှ အကျိုးမရှိဘဲ တိုင်းပြည်အတွက် လူသားအရင်း အမြစ်များ ပြုန်းတီးဆုံးရှုံးစေခဲ့တာ ငြင်းဆိုမရပါဘူး။ ဒါကြောင့်လည်း မြန်မာတစ်ပြည်လုံးရှိ နိုင်ငံသူနိုင်ငံ သား တိုင်းရင်းသားလူမျိုးများအားလုံး က ပြည်တွင်းစစ်ရပ်ပစ်ကာ ထာဝရ ငြိမ်းချမ်းရေးရရှိစေဖို့ စိတ်ဆန္ဒများ ပြင်းပြနေကြရာ အဲဒီအထဲက အနု ပညာရှင်တို့ရဲ့ ငြိမ်းချမ်းရေးရလိုချင် မှုနဲ့ စစ်ပွဲများရပ်ပစ်ဖို့ စိတ်ဆန္ဒစကားသံ များကို မေးမြန်းကာ စုစည်းဖော်ပြ လိုက်ပါတယ်။

L လွန်းဝါ

နိုင်ငံရေးတော့ကိုယ်လည်းသိပ်မသိဘူး။ အဓိကတော့စစ်ဖြစ်နေတာ တော့ မကောင်းဘူး။ မဖြစ်စေချင်ဘူး။ ဒါပေမဲ့ လည်းစစ်ဘေးရှောင် စခန်း တွေက ဒုက္ခသည်တွေက အကူ အညီ လိုအပ်တုန်းပဲ။ လှူတဲ့လူ တွေလည်း အများကြီးလှူနေသလို စစ်တိုက်နေတဲ့သူတွေကလည်း တိုက်နေတဲ့ အတွက် ကြောင့်မို့ပြေး နေရတဲ့ သူတွေကလည်းပြေး နေရတယ်။ ပိတ်မိနေတဲ့ သူတွေ ကလည်း ပိတ်မိနေတုန်းပဲ။ ဒီသံသရာကြီးက ဘယ်တော့မှ ဆုံးမလဲမသိဘူး ပေါ့လေ။ အဲဒီတော့အားလုံးပဲ ဝိုင်းပြီးတော့ ဆုတောင်းပေးဖို့ပဲ လိုအပ်တာ ပေါ့နော်။ ငြိမ်းချမ်းပါစေ။ အားလုံးပဲ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ ကိုယ့်မိသားစု လေးနဲ့ တူတူနေနိုင်ဖို့အတွက်ဆုတောင်းပေးပါတယ်။

ခိုင်သဇင်ငုဝါ

လူသားတွေအတွက်က ဘေး အန္တရာယ်တစ်ခုခုဖြစ်ပြီဆိုတာနဲ့ လူတိုင်းက ကိုယ့်မိသားစု၊ ကိုယ့်ရဲ့ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးသွားရင် လူပင်ပန်းတာတွေ စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်ကြရတာပါပဲ။ စစ်ဆိုတဲ့အရာကတော့ သဘာဝဘေးအန္တရာယ်တွေထက်ကို ပိုဆိုးတယ်။ စစ်ကြောင့်ကလေး၊ လူကြီးလူသားအားလုံး ဒုက္ခရောက်ရတယ်။ လုပ်ငန်းတွေ ဆက်လုပ်လို့ မရဘူး၊ စီးပွားရေးတွေ ထိခိုက်တယ်။ ကလေးတွေလည်း စစ်ပွဲတွေကြောင့် ကျောင်း ဆက်တက်လို့မရဘူး၊ ပညာရေးတွေထိခိုက်တယ်။ အဖက်ဖက်က ဆုတ်ယုတ်ရ တာပါပဲ။ ပစ်ခတ်မှုတွေကြားမှာ ထိခိုက်သွားသူ များအတွက်လည်း သူတို့ရဲ့ မိသားစု တွေက ကြေကွဲဝမ်းနည်းကြရတယ်။ ကလေးတွေရဲ့ စိတ်ထဲမှာလည်း စိတ်ဒဏ်ရာရရပါတယ်။ အားလုံးကြိုး စားတည်ဆောက်ထားရတဲ့ အနာ ဂတ်တွေက စစ်ပွဲတွေကြောင့် ပျက်စီးဆုံးရှုံးရတယ်။ ကိုယ့်အိုးအိမ်ကို စွန့်ပစ်ရ တယ်။ မိသားစုအသိုက် အမြုံလေးပြိုကွဲသွားတာဟာလည်းနာကျင်စရာပါ။ ဒါကြောင့်ကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့၊ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပြီး ငြိမ်းချမ်းပါစေလို့ပဲ ညီမဆုတောင်းပါတယ်။

အိန်ဂျယ်လမုန်

စစ်ပွဲတွေကိုလည်း ညီမတို့စိတ်ထဲက နှလုံးသားထဲကကို ရပ်စေချင် တာပါ။ အပြစ်မရှိတဲ့ ပြည်သူတွေလည်း အခက်အခဲတွေ အများကြီး ရင်ဆိုင်ကြ ရတယ်။ ညီမတို့တောင်မှာ ခရီးတစ်ခုသွားပြီးရင် ကိုယ့်အိမ်ကို ပြန်ရောက် တဲ့အချိန်က တအားကို စိတ်ချလုံခြုံရပြီး သက်တောင့်သက် သာရှိတယ်။ ဒါကြောင့်သူတို့လည်း နေအိမ်ကို စွန့်ခွာရတဲ့အချိန်မှာတော်တော်လေး စိတ် ဒုက္ခရောက်ကြ ရမှာပါပဲ။ စစ်ပွဲဆိုတာကောင်းတာလည်းမဟုတ်ဘူး။ ညီမတို့ နှလုံးသားထဲကိုက ငြိမ်းချမ်းမှုကို လိုလားကြတာပါ။ စစ်ကြောင့်လည်း အစစ အရာရာပျက်စီးချို့ယွင်းကြရတယ်။ ညီမတို့သွားတွေ့တဲ့အထဲမှာလည်း ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါလာပါတယ်။ တချို့အမျိုးသမီးတွေ ဆိုရင် ခင်ပွန်းလည်း မပါလာဘူး။ တစ်ယောက်တည်း လာခဲ့ရတာတွေလည်း တွေ့ခဲ့ တယ်။ မိသားစုတွေကွဲသွားပြီး ဒုက္ခသည်စခန်းကို ရောက်လာတဲ့အချိန် ထိတောင်မိသားစုတွေကို မတွေ့ရသေးဘူး။ ဘယ်သူ ဘယ်ရောက်နေလဲဆို တာလည်း မသိဘူး။ သူတို့တွေ တအားစိတ်ထိခိုက် နေချိန်မှာ စိတ်ဓာတ်မြင့် တက်အောင် လည်း အားပေးစကားတွေတော့ ပြောခဲ့တယ်။ ကလေးတွေဆိုရင် လည်း မိဘတွေ ဆုံးရှုံးခဲ့ရသူတွေ ရှိတယ်။ ညီမတို့ စစ်ဘေးကယ်ဆယ်ရေး စခန်းသုံးလေးခုကို သွားရောက်ပြီးသွားပါပြီ။ ညီမလည်း ကိုယ့်ရဲ့အနုပညာကြေး ထဲကတတ်နိုင်သလောက်လှူဒါန်းတယ်။ ကလေးတွေနဲ့ စကားတွေပြောတယ်။ ဆော့ပေးတယ်။ စိတ်အားမငယ်အောင်လည်းအားပေးစကားပြောခဲ့ပါတယ်။

ပေါ်ပြူလာအဖွဲ့

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071