မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်၌ လေယာဥ်ရပ်နားရန်နေရာသစ်နှင့် လေဆိပ်အဆောက်အအုံအသစ်တို့အားတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၃ ရက်ကကြည့်ရှုစစ်ဆေးခဲ့သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက လေဆိပ်လေယာဉ်ရပ်နားရန်နေရာသစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် လေဆိပ်အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
နိုင်ငံတော်ယာယီသမ္မတမှ တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး စနစ်တကျတွက်ချက်ဆောင်ရွက်ရန်၊ အနီးစခန်းလေဆိပ်အားအဆင့်မြှင့်တင်ခြင်းမှာ ရှမ်းပြည်နယ်အတွင်းလာရောက်သည့် ခရီးသွားများအား အဓိကပို့ဆောင်ပေးသည့်နေရာဖြစ်စေရန်၊ ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့တော်ဖြစ်၍ လာရောက်လည်ပတ်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းတို့အား ပြောကြားခဲ့သည်။
ထို့ပြင် ပြင်ဦးလွင်ဒေသမှထွက်ရှိသည့် ဒေသထွက်ပ စ္စည်းများ၊ အသီးအနှံများအား အခြားဒေသများသို့ ပိုမိုလွယ်ကူလျင်မြန်စွာ ဖြန့်ဝေပို့ဆောင်ပေးနိုင်ရေးအတွက် လည်းဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ လေဆိပ်အဆင့်မြှင့်တင်ခြင်းနှင့်အတူ ပြင်ဦးလွင်မြို့ပိုမိုဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် ကားလမ်းများအဆင့်မြှင့်တင်ရာ၌ လမ်းဘေးဝဲယာလူသွားပလက်ဖောင်းများကို အဆင့်မီစွာထည့်သွင်းဆောင်ရွက်ရန်လည်း နိုင်ငံတော် ယာယီသမ္မတက မှာကြားခဲ့သည်။
